DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီ ရောင်းသည့် အွန်လိုင်းထီ ရောင်းအား ကျဆင်း
DVB
·
August 31, 2023
စစ်ကောင်စီ ရောင်းသည့် အွန်လိုင်းထီ ရောင်းအား ကျဆင်း
Donate to DVB

စစ်ကောင်စီရဲ့ သြဂုတ်လအတွက် အွန်လိုင်းထီနဲ့ ပုံနှိပ်ထီလက်မှတ်နှစ်မျိုး ရောင်းအားဟာ ဇူလိုင်လကထက် ကျပ် ၁၅ သန်းကျော် ကျဆင်းသွားတယ်လို့ ပြည်တွင်းအခွန်များဦးစီးဌာနရဲ့ ထုတ်ပြန်ချက်စာရင်းတွေအရ သိရပါတယ်။

သြဂုတ်လမှာ အွန်လိုင်းထီနဲ့ ပုံနှိပ်ထီကို ဇူလိုင်လနည်းတူ အက္ခရာ ၁၂ လုံး ရိုက်နှိပ်ရောင်းချခဲ့ရာ ကျပ်သန်း ၅၂၀၀ ကျော်ဖိုး ရောင်းနိုင်ခဲ့ပေမယ့် ဇူလိုင်လကထက် ကျပ် ၁၅ သန်းကျော် လျော့နည်းခဲ့တာ ဖြစ်ပါတယ်။

အဲဒီရောင်းရငွေဟာ  ရိုက်နှိပ်ထားတဲ့ ထီလက်မှတ်စောင်ရေ တဝက်နီးပါးတန်ဖိုးလောက်ပဲရှိလို့ အရင်လတွေနည်းတူ ထီရုံးမှာ ထီလက်မှတ်စောင်ရေသန်းနဲ့ချီ ရောင်းမကုန်တာ တွေ့ရတယ်လို့  ထီကိုယ်စားလှယ်တွေက ဆိုပါတယ်။

ဝါရင့်ထီကိုယ်စားလှယ်တဦးက “ဒီလ(သြဂုတ်)အပါအဝင် သုံးလဆက်တိုက် ထီလက်ကျန်စံ ချိန်တင်များသွားတာ။ အဓိကက အွန်လိုင်းထီရဲ့ ရောင်းအားက ပြောပလောက်တဲ့ အရေအတွက် မဟုတ်တာ တွေ့ရတယ်။ ပြောရရင် အွန်လိုင်းထီက မအောင်မြင်ဘူးလို့ ပြောရမှာပဲ"လို့  ပြောပါတယ်။

စစ်ကောင်စီက အွန်လိုင်းထီစနစ်ကို ဇွန်လက စတင်ခဲ့တာဖြစ်ပြီး ပြည်သူတွေကြားမှာလည်း ရေပန်းစားမှုမရှိခဲ့ဘူးလို့ ထီကိုယ်စားလှယ်တွေက ဆိုပါတယ်။

ပုံနှိပ်ထီဟာလည်း စစ်ကောင်စီရဲ့ Non CDM ဝန်ထမ်းတွေ၊ စစ်တပ်ထောက်ခံသူတွေကသာ အများဆုံး ဝယ်ယူကြတာဖြစ်ပြီး နောက်ပိုင်း သူတို့ကပါ အားပေးမှုကျလာတယ်လို့ သိရပါတယ်။

ထီလက်မှတ်ရောင်းချနေသူတဦးက “ငွေရေးကြေးရေးခက်ခဲလာတာ စစ်တပ် ထောက်ခံသူတွေတောင် ထီလက်မှတ်ဝယ်ဖို့ စဥ်းစား၊ ချိန်ဆလာရတဲ့အခြေအနေ ဖြစ်လာတာ"လို့ ပြောပါတယ်။

ပြည်သူအများစုဟာ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အနေနဲ့ စစ်ကောင်စီဝင်ငွေရလမ်းဖြစ်တဲ့ အောင်ဘာလေထီကို မထိုးဘဲ သပိတ်မှောက်ခဲ့တာကြောင့် ထီရောင်းအား တရှိန်ထိုး ကျဆင်းသွားခဲ့တာ ဖြစ်ပါတယ်။

စစ်အာဏာမသိမ်းခင်က အောင်ဘာလေထီကို အက္ခရာအလုံး ၄၀ ကျော် ရိုက်နှိပ်ရောင်းချခဲ့ရပြီး ပြည်သူတွေရဲ့အားပေးမှု အပြည့်အဝရရှိခဲ့တယ်လို့ ထီကိုယ်စားလှယ်အသိုင်းအဝိုင်းက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013