DVB Logo
Home
နိုင်ငံတကာ
ချီလီနိုင်ငံတွင် ကျောင်းဆရာများ သပိတ်မှောက် 
DVB
·
August 30, 2023
Donate to DVB

ချီလီနိုင်ငံမှာ ကျောင်းဆရာတွေဟာ အစိုးရနဲ့ သဘောတူညီမှုရရှိဖို့ ကြိုးပမ်းမှု မအောင်မမြင် ဖြစ်ခဲ့ပြီးနောက် သြဂုတ်လ ၂၉ ရက်မှာ ရက်အကန့်အသတ်မရှိ သပိတ်မှောက်ခဲ့ကြပြီး သမ္မတနန်းတော်ကို ချီတက်ခဲ့ကြပါတယ်။

ဆရာများသမဂ္ဂက ကြီးမှူးကျင်းပတဲ့ ချီတက်ပွဲမှာ “သမိုင်းဝင်ကြွေးမြီ” လို့ခေါ်တဲ့ ရစရာရှိတဲ့ ငွေကြေးတွေကို တောင်းဆိုထားတဲ့ ဆိုင်းဘုတ်တွေ၊ ကြွေးကြော်သံတွေအပြင် အသင်းအဖွဲ့က နှစ်ပေါင်းများစွာ ကိုင်စွဲထားတဲ့ မကျေမနပ် တောင်းဆိုမှုတွေ အများအပြားလည်း ပါဝင်ပါတယ်။

၁၉၈၀ ပြည့်နှစ်အစောပိုင်းက အာဏာရှင် ဗိုလ်ချုပ်ကြီး ဩဂတ်စ်တိုပီနိုရှေးဟာ တိုင်းပြည်ရဲ့ ပြည်သူ့ပညာရေးစနစ်ရဲ့ တစိတ်တပိုင်းကို ဖက်ဒရယ်မှ မြူနီစပယ် ထိန်းချုပ်မှုကို ပြောင်းလဲလိုက်ချိန်မှာ ကြွေးမြီတွေကို ထုတ်ပေးခဲ့တာပါ။

လက်ရှိ ပညာရေးပုံစံဟာ ၁၉၇၀ ပြည့်လွန် နှစ်တွေမှာ ချီလီ အာဏာရှင်စနစ်အတွင်း မွေးဖွားလာခဲ့တာဖြစ်လို့ သမဂ္ဂဟာ ပညာရေးပုံစံအသစ်၊ ရန်ပုံငွေစနစ် အသစ်နဲ့ တခြား တောင်းဆိုချက်တွေအကြားမှာ စာသင်ကျောင်းတွေအတွင်း အကြမ်းဖက်မှုတွေကနေ ဆရာ၊ ဆရာမတွေကို အကာအကွယ်ပေးရေးတွေကို ထပ်မံတောင်းဆိုခဲ့ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013