DVB Logo
Home
နိုင်ငံတကာ
ပရီဂိုရှင် သေဆုံးမှုအပေါ် အနောက်နိုင်ငံများ၏ခန့်မှန်းပြောကြားချက် မှားယွင်းဟု ရုရှားတုံ့ပြန်
DVB
·
August 26, 2023
ပရီဂိုရှင် သေဆုံးမှုအပေါ် အနောက်နိုင်ငံများ၏ခန့်မှန်းပြောကြားချက် မှားယွင်းဟု ရုရှားတုံ့ပြန်
Donate to DVB

ဝဂ္ဂနာကြေးစားတပ်ဖွဲ့ပိုင်ရှင် ယဲ့ဗ်ဂနီပရီဂိုရှင် လေယာဉ်ပျက်ကျ သေဆုံးမှုနဲ့ ပတ်သက်လို့ အနောက်တိုင်းက ခန့်မှန်းပြောကြားချက်တွေဟာ လုံးဝမှားယွင်းနေတယ်လို့ ကရင်မလင်နန်းတော်က သြဂုတ်လ ၂၅ ရက်မှာ ပြောပါတယ်။

စစ်ဆေးမှုရလဒ်တွေကို စောင့်ကြည့်ဖို့ လိုအပ်ကြောင်း ကိုးကားပြီး ပရီဂိုရှင်ရဲ့ သေဆုံးမှုကို အတည်ပြုဖို့ ငြင်းဆန်နေချိန်မှာ ရုရှားဘက်က ခုလို ပြောလိုက်တာပါ။ 

၁၉၉၉ ခုနှစ်မှာ ပူတင် အာဏာရလာပြီး နောက်ပိုင်း ပူတင်ရဲ့ ကိုယ်ပိုင်အုပ်ချုပ်မှုအတွက် အကြီးမားဆုံးစိန်ခေါ်မှု အဖြစ် ပရီဂိုရှင်ဟာ စစ်တပ်ရဲ့ ထိပ်တန်းအရာရှိတွေကို ဆန့်ကျင်တဲ့အနေနဲ့ ဇွန်လ ၂၃-၂၄ ရက်က မအောင်မြင်ခဲ့တဲ့ ပုန်ကန်မှုကို ကျူးလွန်ခဲ့ပါတယ်။

ဒီအတွက် အပြစ်စီရင်ဖို့ ပူတင်က ပရီဂိုရှင်ကို သတ်ဖြတ်ဖို့ အမိန့်ပေးခဲ့တယ် ဆိုပြီး အထောက်အထားမရှိပဲ အနောက်တိုင်း နိုင်ငံရေးသမားတွေနဲ့ ဝေဖန်သုံးသပ်သူတွေက မှန်းဆပြောဆိုထားပါတယ်။ 

အဲဒီစွပ်စွဲချက်နဲ့ အလားတူ ပြောဆိုချက်တွေဟာ မှားယွင်းနေကြောင်း ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီပက်စ်ကို့ဗ် တုံ့ပြန်ပြောပါတယ်။ 

ရုရှားစုံစမ်းစစ်ဆေးရေးမှူးတွေက ဖြစ်ပျက်ခဲ့တာတွေကို စုံစမ်းစစ်ဆေးဖို့ အမှုဖွင့်ထားပေမဲ့ လေယာဉ်ဟာ မော်စကိုမြို့ အနောက်မြောက်ဘက် ကောင်းကင်ယံကနေ ရုတ်တရက် ပြုတ်ကျခဲ့ရတဲ့ အကြောင်းရင်းကို မပြောကြားသေးပဲ လေယာဉ်ပျက်ကျမှုကနေ ရရှိထားတဲ့ ရုပ်အလောင်း ၁၀ လောင်းကိုလည်း ဘယ်သူဘယ်ဝါ ဖြစ်ကြောင်း တရားဝင် အတည်ပြု ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013