DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီတပ်တွင်း ကစထမှူးနှင့် တိုင်းမှူးများကို အပြောင်းအလဲလုပ်
DVB
·
August 25, 2023
စစ်ကောင်စီတပ်တွင်း ကစထမှူးနှင့် တိုင်းမှူးများကို အပြောင်းအလဲလုပ်
Donate to DVB

အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ  စစ်တိုင်းမှူးတချို့နဲ့ စစ်ဆင်ရေး အထူးတပ်ဖွဲ့မှူးတွေကို  သြဂုတ် ၂၃ ရက်နေ့က နေရာအပြောင်းအလဲလုပ်ခဲ့တယ်လို့ စစ်ရာထူးခန့်ရုံးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

အမှတ် ၁ စစ်ဆင်ရေးအထူးတပ်ဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး တေဇာကျော်ကို နေပြည်တော်ကောင်စီဥက္ကဋ္ဌနေရာ ပြောင်းရွှေ့လိုက်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦးရဲ့ နေရာမှာ ပြောင်းရွှေ့တာဝန်ပေးခဲ့တာဖြစ်တယ်လို့ စစ်ရာထူးခန့်ရုံးရဲ့ အကြီးတန်းအရာရှိနဲ့ နီးစပ်သူက ပြောပါတယ်။

“ကစထမှူး ၆ နေရာက အရပ်ဘက်ကို ပြောင်းမယ့်သူတွေ ပေးတဲ့နေရာ၊ သူ့ရဲ့လက်အောက်မှာ နေပြည်တော်တိုင်းစစ်ဌာနချုပ်ပဲရှိတယ်။ ကစထမှူး ၁ နေရာက စစ်တပ်မှာအမြင့်ဆုံးပဲ။ သူ့ရဲ့အောက်မှာ တိုင်းစစ်ဌာနချုပ် ၃ ခုရှိတယ်။ အဲ့နေရာကို မန္တလေးတိုင်းမှူးကို ရာထူးတိုးပြီး ခန့်လိုက်တယ်။”

အမှတ် ၁ စစ်ဆင်ရေးအထူးတပ်ဖွဲ့မှူးနေရာကို မန္တလေးတိုင်း အောင်မြေသာစံမြို့နယ် အခြေစိုက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦးကို ဒုတိယဗိုလ်ချုပ်ကြီး အဆင့် တိုးမြှင့်ကာ တာဝန်ပေးခဲ့ပါတယ်။

အမှတ် ၁ စစ်ဆင်ရေးအထူးတပ်ဖွဲ့မှူးလက်အောက်မှာ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ မန္တလေးတိုင်းတို့ ပါဝင်ပြီး မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်နဲ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တို့ကို တာဝန်ယူရတာ ဖြစ်တယ်လို့ စစ်ရာထူးခန့်ရုံးမှ သိရပါတယ်။

အလားတူ အနောက်တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကြည်နိုင်ကို အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ပြောင်းရွှေ့ခဲ့ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဝေလင်းကို အနောက်တောင်ပိုင်းတိုင်း စစ်ဌာနချုပ်သို့ ပြောင်းရွှေ့ခဲ့ပါတယ်။

ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စောသန်းလှိုင်ကို အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ပို့ဆောင်လိုက်ပြီး သူ့ရဲ့နေရာကို တိုက်ခိုက်ရေး လေ့ကျင့်ရေးကျောင်း-တခရ (ဗထူး) မှ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ကျော်စွာဦးကို နေရာပေးခဲ့ပါတယ်။

စစ်ကောင်စီတပ်မှာ လုပ်သက် သက်တမ်းပြည့်ပြီး အရန်အင်အားကို ပို့ရမယ့် ဒုတိယဗိုလ်ချုပ်ကြီးတွေရှိသလို ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ကို တိုးမြှင့်ရမယ့် ဗိုလ်ချုပ်တွေလည်းရှိနေလို့ နေရာအပြောင်းအလဲ ထပ်ရှိကြောင်း စစ်ရာထူးခန့်ရုံးမှ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013