DVB Logo
Home
မြန်မာသတင်း
မောင်တောမြောက်ပိုင်းသို့ ကုန်စည်သယ်ယူမှု စစ်ကောင်စီ တားဆီး
DVB
·
August 24, 2023
မောင်တောမြောက်ပိုင်းသို့ ကုန်စည်သယ်ယူမှု စစ်ကောင်စီ တားဆီး
Donate to DVB

ရက္ခိုင့်တပ်တော် (အေအေ) ထိန်းချုပ်ထားတဲ့  ရခိုင်ပြည်နယ် မောင်တောမြောက်ပိုင်းသို့ ကုန်စည်သယ်ယူမှုကို စစ်ကောင်စီက တားဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မောင်တောဒေသခံ ကားသမားတွေက “မောင်တောမြောက်ပိုင်းကို ကုန်စည်သယ်ယူဖို့ အဓိက တားဆီးနေတာက ကျီးကန်းပြင် စစ်ဆေးဂိတ်နဲ့ ကြိမ်ချောင်း ၂၄ ဂိတ်။ ကုန်တွေကို သူတို့ ငွေရရင် သယ်ခွင့်ပြုတယ်။ ငွေမရရင် ခွင့်မပြုဘူး” လို့ ပြောပါတယ်။

မောင်တော နယ်စပ်ကုန်သွယ်ရေး​မှ တဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တင်ပို့ခွင့်မရကြတဲ့ ​ကွမ်းသီး၊ စီးကရက် အစရှိတဲ့ ကုန်စည်တွေဟာ မောင်တောမြောက်ပိုင်းမှ ရက္ခိုင့်တပ်တော် ထိန်းချပ်ရာ နယ်မြေတွေကတဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တင်ပို့နေကြရတာပါ။

အဲဒီလို တင်ပို့ရာမှာ ရက္ခိုင့်တပ်တော်ကို အခွန် ၅ ရာခိုင်နှုန်းသာ ပေးဆောင်နေကြရပြီး ကျီးကန်းပြင် စစ်ဆေးဂိတ်နဲ့ ကြိမ်ချောင်း ၂၄ ဂိတ်တို့မှာ ကားတစီးကို သိန်း ဆယ်ဂဏန်းအထိ ပေးဆောင်နေကြရကြောင်း ဒေသခံကားသမားတွေက ဆိုပါတယ်။

“ဘင်္ဂလားဘက်ကို ကွမ်းသီးက အဓိကတင်ပို့လို့ မောင်တောမြောက်ပိုင်းက ကျေးရွာ စီးပွားရေး နည်းနည်းအဆင်ပြေကြတယ်ဗျ။ အေအေဘက်ကိုတော့ အခွန် ၅ ရာခိုင်နှုန်း ပေးရတယ်။ ကျီးကန်းပြင် နယ်ခြားစောင့်စခန်းမှာ ကားတစီးကို သိန်း ဆယ်ချီ ပေးနေရတယ်။ ကြိမ်ချောင်း ၂၄ ဂိတ်မှာလည်း သူတို့တောင်းသလောက်  မပေးရင် သွားခွင့်မရဘူး။”

လက်ရှိ မောင်တောမြောက်ပိုင်း ကြိမ်ချောင်းကျေးရွာ အကျော်ကစပြီး ရက္ခိုင့်တပ်တော် (အေအေ) ထိန်းချုပ်ထားတာပါ။

မြန်မာ-ဘင်္ဂလား ကုန်သွယ်ရာမှာ ရခိုင်ပြည်နယ်၊ မောင်တောနယ်စပ် ကညင်ချောင်း စီးပွားရေးဇုန်ကို ဝယ်သူစျေးကွက်ဖော်ဆောင်ဖို့ အစိုးရနဲ့ ပုဂ္ဂလိက ကုမ္ပဏီတွေက ၇ ဘီလီယံခန့် အကုန်အကျခံ တည်ဆောက်ထားခဲ့ပေမဲ့ ဒီနေ့အထိ ဝယ်သူစျေးကွက် မဖော်ဆောင်နိုင်သေးကြောင့် မောင်တောမြောက်ပိုင်းဒေသကနေ ကုန်သွယ်နေကြရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013