DVB Logo
Home
မြန်မာသတင်း
ကသာမြို့တွင် စစ်တပ်က ဆိုင်ကယ်များအား ဖမ်းဆီးပြီး အဓမ္မငွေတောင်းနေ
DVB
·
August 22, 2023
ကသာမြို့တွင် စစ်တပ်က ဆိုင်ကယ်များအား ဖမ်းဆီးပြီး အဓမ္မငွေတောင်းနေ
Donate to DVB

စစ်ကိုင်းတိုင်း၊ ကသာမြို့မှာ စစ်ကောင်စီတပ်က ဆိုင်ကယ်တွေကို ဖမ်းဆီးထားပြီး ဆိုင်ကယ်တစီးကို ငွေကျပ် ၁ သိန်းနဲ့ ပြန်ရွေးခိုင်းနေကြောင်း ဒေသခံတွေထံက သိရပါတယ်။

စစ်ကောင်စီတပ်က သုံးရက်ဆက်တိုက် မော်တော်ဆိုင်ကယ်အစီးရေ ၁၀၀ ထက်မနည်းကို  လိုင်စင်မဲ့ အကြောင်းပြပြီး နည်းမျိုးစုံနဲ့ ဖမ်းဆီးကာ တစီးကို ငွေကျပ် ၁ သိန်းနဲ့ လာရောက် ရွေးယူခိုင်းနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံ အမျိုးသားတဦးက “ဆိုင်ကယ်တွေကို သုံးရက်ဆက်တိုက်ဖမ်းတာ။ အစီးရေ ၁၀၀ ကျော်မယ်။ လိုင်စင်အကြောင်းပြပြီး နည်းမျိုးစုံနဲ့ ဖမ်းနေတာ။ ဆိုင်ကယ်လိုင်စင် လုပ်ပေးလား ဆိုတော့လည်း လုပ်မရပြန်ဘူး။ ဆိုင်ကယ်တွေကို စစ်တပ်ကုန်းကို ကားပေါ်တင်ပြီး သိမ်းသွားတာ။ တစီး တသိန်းနဲ့ စစ်တပ်ကုန်းထဲ သွားရွေးရတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက်ပိုင်း ကသာမြို့ အဝင်အထွက် တောင်ပေါ်ဘုန်းကြီးကျောင်းအနီးနဲ့ မြို့တွင်းနေရာတချို့မှာ သြဂုတ် ၁၈ ရက်က စတင်ဖမ်းဆီးခဲ့ပြီး ဖမ်းဆီးထားတဲ့ မော်တော်ဆိုင်ကယ်တွေကို ကသာအခြေစိုက် အမှတ် ၃၀၉ စစ်တပ်ကုန်းကို ကားနဲ့ သယ်ဆောင်သွားခဲ့တာပါ။

ပြီးခဲ့တဲ့ သြဂုတ် ၁၇ ရက်က စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရတဲ့အတွက် စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းသုံးဦး ထိခိုက်ဒဏ်ရာရကာ စစ်တပ်ကလည်း သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံ ပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013