
စပါးအသင်းနဲ့ ပွဲစဉ်မှာ မန်ယူအသင်းအနေနဲ့ ပင်နယ်တီရဖို့ ထိုက်တန်တယ်တန်လို့ နည်းပြ တန်ဟတ်ဂ်က ပြောပါတယ်။
ပထမပိုင်းမှာ ဂါနာချိုရဲ့ ကန်ချက်ဟာ စပါးနောက်ခံလူ ရိုမဲရိုးရဲ့ ခြေထောက်ကို ထိမှန်ပြီးနောက် လက်ကို သိသိသာသာ ထိမှန်ခဲ့ပေမဲ့ ဒိုင်လူကြီးက ပင်နယ်တီမပေးဖို့ ဆုံးဖြတ်ခဲ့တာပါ။
ကွင်းလယ်ဒိုင် မိုက်ကယ်အိုလီဗာအနေနဲ့ VAR ဒိုင်တွေနဲ့ ပြန်လည်စစ်ဆေးခဲ့ပေမဲ့ မတော်တဆ ထိမိခဲ့တယ်လို့ ယူဆခဲ့ပုံရပြီး ပင်နယ်တီ သတ်မှတ်ပေးခြင်း မရှိခဲ့တာ ဖြစ်ပါတယ်။
မန်ယူနည်းပြ တန်ဟတ်ဂ်ကတော့ ယူနိုက်တက်အနေနဲ့ ဂိုးသွင်းခွင့်တွေကို အသုံးမချနိုင်ခဲ့တာ ကြောင့် ရှုံးနိမ့်ခဲ့တာ မှန်ပေမဲ့ ရသင့်ရထိုက်တဲ့ ပင်နယ်တီ ပြစ်ဒဏ်ဘော မရရှိတာကို ထောက်ပြ ခဲ့တာပါ။
“ကျနော်တို့ ပင်နယ်တီရဖို့ ထိုက်တန်ခဲ့တာပါ။ ဒါပေမဲ့ မရခဲ့ပါဘူး။ ဒါကို လက်ခံသွားရမှာပေါ့။ ကျနော်ရဲ့နေ့ မဟုတ်ခဲ့ဘူး”လို့ နည်းပြတန်ဟတ်ဂ်က ပြောပါတယ်။
မန်ယူအသင်းဟာ ဒုတိယပိုင်းမှာ ပက်ဆားရဲ့ သွင်းဂိုး၊ မာတီနက်ဇ်ရဲ့ ကိုယ့်ဂိုး ကိုယ် သွင်းဂိုးတွေနဲ့ အတူ ၂ ဂိုး ဂိုး မရှိနဲ့ ရှုံးနိမ့် သွားခဲ့တာ ဖြစ်ပါတယ်။










