DVB Logo
Home
နိုင်ငံတကာ
ဆိုက်ပရက်စ်၌ ကုလငြိမ်းချမ်းရေးထိန်းသိမ်းသူများနှင့် လုံခြုံရေးအဖွဲ့များကြား ရုန်းရင်းဆန်ခတ်ဖြစ်
DVB
·
August 19, 2023
ဆိုက်ပရက်စ်၌ ကုလငြိမ်းချမ်းရေးထိန်းသိမ်းသူများနှင့် လုံခြုံရေးအဖွဲ့များကြား ရုန်းရင်းဆန်ခတ်ဖြစ်
Donate to DVB

ဆိုက်ပရပ်စ်နိုင်ငံမှာ ဩဂုတ် ၁၈ ရက်က ကုလသမဂ္ဂထိန်းချုပ်မှုအောက်ရှိ ဧရိယာအတွင်း ခွင့်ပြုချက် မရှိဘဲ ဆောက်လုပ်ရေး လုပ်နေမှုအပေါ် ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းသူတွေနဲ့ တူရကီ ဆိုက်ပရပ်စ်လုံခြုံရေးတပ်ဖွဲ့ဝင်တွေကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ကြောင်း ငြိမ်းချမ်းရေး ထိန်းသိမ်းမှု မစ်ရှင်က ပြောပါတယ်။ 

တူရကီ ဆိုက်ပရပ်စ်ရဲတပ်ဖွဲ့နဲ့ စစ်ယူနီဖောင်းတွေကို ဝတ်ဆင်ထားတဲ့ ဝန်ထမ်းတွေဟာ ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်တွေကို တွန်းထိုး ဆွဲထုတ်ခဲ့ကြကြောင်း မျက်မြင်သက်သေတဦးက ပြောကြား ခဲ့ပါတယ်။ 

ကျွန်းကို ပိုင်းခြားထားတဲ့ ကုလသမဂ္ဂအုပ်ချုပ်မှု ကြားခံဇုန်မှ ကုလသမဂ္ဂ ထရပ်ကားတွေ၊ ဘိလပ်မြေတုံးတွေနဲ့ သံဆူးကြိုးတွေကို တူရကီ ဆိုက်ပရပ်စ် ဘူဒိုဇာတွေနဲ့ ရွှေ့ပစ်ခဲ့တာပါ။

ဒီဖြစ်ရပ်ဟာ ဗြိတိသျှ ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်တွေ တပ်ကူဖြည့်ထားတဲ့ ဆလိုဗက်ကီးယား စစ်တပ်ရဲ့ ထိန်းချုပ်မှုအောက်ရှိ နယ်မြေ ၄ မှာ ဖြစ်ပွားခဲ့တာပါ။ 

ဒါပေမယ့် ပစ်ခတ်မှုတော့ မရှိခဲ့ပါဘူး။ ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင် ၃ ဦး ဒဏ်ရာ အပြင်းအထန်ရပြီး ဆေးရုံ တင်ထားရကြောင်း ကုလသမဂ္ဂမစ်ရှင် ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

သောကြာနေ့ဖြစ်ရပ်ကို အမေရိကန်၊ ဗြိတိန်နဲ့ ပြင်သစ်တို့အပြင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်း အဖွဲ့ဝင် ၅ နိုင်ငံထဲက ၃ နိုင်ငံတို့ကလည်း ရှုတ်ချခဲ့ပါတယ်။ 

ဒီအငြင်းပွားမှုဟာ ကုလသမဂ္ဂရဲ့ ထိန်းချုပ်မှုအောက်မှာရှိတယ်ဆိုတဲ့ နယ်မြေကို ဖြတ်ပြီး လမ်းဖောက်လုပ်မယ့် တူရကီ ဆိုက်ပရပ်စ် အာဏာပိုင်တွေရဲ့အစီအစဉ်တွေကြောင့် အဓိက ဖြစ်ပေါ်လာတာပါ။ 

တူရကီဆိုက်ပရပ်စ် အာဏာပိုင်တွေဟာ ခွဲထွက် ဆိုက်ပရပ်စ်မြောက်ပိုင်းမှာ တည်ရှိတဲ့ ပိုင်လာ ကျေးရွာကို အိမ်နီးချင်း အသိုင်းအဝိုင်းနဲ့ချိတ်ဆက်မယ့် ၁၁ ဒသမ ၅ ကီလိုမီတာ အရှည်ရှိ လမ်းတခု တည်ဆောက်ဖို့ စီစဉ်နေတာဖြစ်ပါတယ်။ 

ဇုန်ရဲ့ လက်ရှိအနေအထားကို အနှောက်အယှက် ဖြစ်စေတဲ့ လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂက စိုးရိမ်ပူပန်မှုတွေကို ဖော်ပြခဲ့ပါတယ်။ 

သူတို့ရဲ့အစီအစဉ်တွေနဲ့ ပတ်သက်ပြီး တူရကီဆိုက်ပရပ်စ် အာဏာပိုင်တွေနဲ့ ဆွေးနွေးခဲ့ပြီး ဖြစ်ကြောင်းနဲ့ ကုလသမဂ္ဂဆီမှ လိုအပ်တဲ့ သဘောတူညီချက်မရှိဘဲ လုပ်ငန်းစတင်ခဲ့တာဖြစ်ကြောင်း ဆစ်ဒီကေးက ပြောပါတယ်။ 

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013