DVB Logo
Home
နိုင်ငံတကာ
ကနေဒါတောမီးကြောင့် လူ ၁၅၀၀၀ ကို ဘေးလွတ်ရာ ရွှေ့
DVB
·
August 19, 2023
ကနေဒါတောမီးကြောင့် လူ ၁၅၀၀၀ ကို ဘေးလွတ်ရာ ရွှေ့
Donate to DVB

ကနေဒါနိုင်ငံမှာ အနောက်ကယ်လိုနာမြို့ရဲ့ အထက်ပိုင်းရှိ တောင်ကုန်းတွေနဲ့တောင်တန်းတွေမှာ တောမီးလောင်နေမှုကြောင့် သြဂုတ် ၁၈ ရက်က  ဗြိတိသျှကိုလံဘီယာပြည်နယ်မှာ အရေးပေါ် အခြေအနေ ကြေညာခဲ့ပြီး မီးသတ်သမားတွေလည်း ကြိုးစား မီးငြှိမ်းသတ်နေရကာ လူပေါင်း ၁၅၀၀၀ ကို ဘေးလွတ်ရာ ရွှေ့ပြောင်းခိုင်းခဲ့ပါတယ်။ 

လာမယ့် ၂၄ နာရီမှ ၄၈ နာရီအတွင်း ပြည်နယ်အတွက် အခက်ခဲဆုံး ဖြစ်နိုင်ကြောင်း တာဝန်ရှိသူ တွေက ပြောပါတယ်။ 

မီးသတ်ရေတင်လေယာဉ်တွေအတွက် လမ်းရှင်းထားဖို့လည်း လေပိုင်နက်ကို ပိတ်ထားခဲ့ပါတယ်။

မီးတောက်တွေနဲ့ မီးခိုးတွေကို လူဦးရေ ၃၆၀၀၀ နေထိုင်ကြတဲ့ အနောက်ကယ်လိုနာမြို့ ကနေ မြင်တွေ့ရပြီး အိုကာနာဂန် ရေကန် ပတ်လည်ရှိ ချိုင့်ဝှမ်းမှာလည်း မီးခိုးတွေ ပြည့်လျှံနေတယ်လို့ ရိုက်တာစ် မျက်မြင်သက်သေတဦးက ဆိုပါတယ်။ 

အဲဒီရေကန်ပေါ်မှာ လူဦးရေ ၁ သိန်းခွဲ လောက် နေထိုင်ကြတဲ့ ကယ်လိုနာမြို့မှာလည်း တောမီး လောင်ကျွမ်းမှုတွေကြောင့် ဘေးလွတ်ရာ ရွှေ့ပြောင်းမှုတွေ လုပ်နေကြပါတယ်။ 

ဘေးလွတ်ရာ ရွှေ့ပြောင်းမိန့်ကို အရင်တစ်နာရီလောက်ကပဲ မိသားစုပေါင်း ၄၅၀၀ ကနေ ၁၅,၀၀၀ အထိကို ထုတ်ပြန်ထားကြောင်း သတင်းစာရှင်းလင်းပွဲတခုအတွင်း ၀န်ကြီးချုပ် ဒေးဗစ် အက်ဘီ က ပြောပါတယ်။ 

အိမ်ရာပေါင်း ၂,၄၀၀ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားခဲ့ရကြောင်း တာဝန်ရှိသူတွေက ပြောကြားခဲ့ပြီး လူထောင်ပေါင်းများစွာကိုလည်း လိုအပ်လာရင် အချိန်မရွေး ရွှေ့ပြောင်းထွက်ခွာ ကြဖို့ရာ အဆင်သင့် ပြင်ထားကြဖို့ သတိပေးထားပါတယ်။ 

အများပြည်သူကိုလည်း မီးဘေးသင့်ဒေသတွေဆီ မလိုအပ်ဘဲ ခရီးသွားခြင်းတွေကို ဖျက်သိမ်းဖို့ တာဝန်ရှိသူတွေက တိုက်တွန်းထားပါတယ်။ 

သောကြာနေ့အထိ ပြည်နယ်တွင်း မီးလောင်ကျွမ်းမှု အနည်းဆုံး ၃၈၁ ကြိမ် ဖြစ်ပွားခဲ့ပြီး ၁၆၃ မှု ထိန်းချုပ်နိုင်ခဲ့ကြောင်း ပြည်နယ်မီးသတ်ဌာနမှ ပြောကြားခဲ့ပါတယ်။ 

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013