
ထိုင်းနိုင်ငံ၊ တာ့ခရိုင်၊ မဲဆောက်မြို့နယ်၊ ထာ့ဆိုင်လွတ်ရွာက မြန်မာလုပ်သားတွေနေတဲ့ အိမ်တွေကို ဩဂုတ် ၁၇ ရက် မနက် ၆ နာရီလောက်က ထိုင်းပူးပေါင်းအဖွဲ့တွေက ဝင်ရောက်စစ်ဆေးရာမှာ တရားမဝင်နေထိုင်သူ မြန်မာနိုင်ငံသား ၇ ယောက်ကို ဖမ်းဆီးမိတယ်လို့ တာ့ခရိုင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက ထုတ်ပြန်ပါတယ်။
စီမံချက်အရ အလုပ်သမားရေးရာဌာန၊ လူဝင်ကြီးကြပ်ရေးဌာနဲ့ ထိုင်းရဲတပ်ဖွဲ့တို့ ပူပေါင်းပြီး ထာ့ဆိုင်လွတ်ကျေးရွာ ၉၉၉ ဂိတ်က အိမ်တွေကို ဝင်ရောက်စစ်ဆေးခဲ့ရာ မြန်မာနိုင်ငံသား ၁၇ ယောက်ကို တွေ့ရှိခဲ့တာပါ။
စစ်ဆေးရာမှာ ၁၇ ဦးထဲက ၅ ဦး အထောက်အထား မရှိတာကြောင့် ဖမ်းဆီးခဲ့သလို တချိန်တည်းမှာပဲ ရက်ချာဘူနာမှာ အဲဒီနေ့ မွန်းလွဲ ၂ နာရီက ခွင့်ပြုချက်မဲ့ ကုန်စုံဆိုင်ဖွင့်တာကြောင့် နောက်ထပ် ၂ ဦးကို ဖမ်းဆီးခဲ့တယ်လို့ ထိုင်းလူဝင်ကြီးကြပ်ရေးဌာနက သိရပါတယ်။
အလုပ်လုပ်ခွင့်မရှိဘဲ အလုပ်လုပ်ခြင်း ဒါမှမဟုတ် ခွင့်ပြုထားတဲ့အလုပ်ထက်ကျော်ကလွန်ပြီး လုပ်ခဲ့ မြန်မာနိုင်ငံသား လင်မယား နှစ်ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ တာ့ခ်ခရိုင်လူဝင်ကြီးကြပ်ရေးဌာနက လူမှုကွန်ရက်စာမျက်နာမှာ ထုတ်ပြန်ခဲ့ပါတယ်။
ဖမ်းဆီးရမိတဲ့ မြန်မာနိုင်ငံသားတွေကို ဥပဒေအရ အရေးယူပြီး မြန်မာနိုင်ငံကို ပြန်လည် ပို့ဆောင်ပေးသွာမယ်လို့ လည်း သိရပါတယ်။
ပို့ဆောင်ပေးသွာမယ်လို့ လည်း သိရပါတယ်။
Photo. Tak immigration










