DVB Logo
Home
မြန်မာသတင်း
ထားဝယ်ခရိုင် သပိတ်ကော်မတီဝင် ၁ ဦး၏ ဖခင်ကို စစ်ကောင်စီက ဖမ်းဆီးပြီး ပုဒ်မ ၅၀၅(က) ဖြင့် အမှုဖွင့်
DVB
·
August 15, 2023
ထားဝယ်ခရိုင် သပိတ်ကော်မတီဝင် ၁ ဦး၏ ဖခင်ကို စစ်ကောင်စီက ဖမ်းဆီးပြီး ပုဒ်မ ၅၀၅(က) ဖြင့် အမှုဖွင့်
Donate to DVB

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီဝင် ကိုမင်းလွင်ဦးရဲ့ဖခင်ဖြစ်တဲ့  အသက် ၆၅ နှစ်အရွယ်ရှိ ဦးအောင်ဖေကို စစ်ကောင်စီက ဩဂုတ် ၁၂ ရက်မှာ  ပုဒ်မ ၅၀၅(က) နဲ့ တရားစွဲဆိုလိုက်ပါတယ်။

ဇွန် ၁၉ ရက်က ​လောင်းလုံးမြို့နယ်၊ ပြင်းထိန်ရွာရှိ နေအိမ်မှာပဲ ဦးအောင်ဖေကို စစ်ကောင်စီက အင်အားအများအပြားနဲ့ ရိုက်နှက်ဖမ်းဆီးပြီး မိသားစုနဲ့ တွေ့ခွင့်မပေးဘဲ ၅၅ ရက်ကြာ လောင်းလုံးမြို့မရဲစခန်းမှာ ချုပ်နှောင်ထားခဲ့ပါတယ်။

ဩဂုတ် ၁၃ ရက်က မိသားစုနဲ့ ပထမဆုံးပေးတွေ့ပြီး လောင်းလုံးရဲစခန်းမှာ ဆက်လက် ဖမ်းဆီးထားပါတယ်။

ကိုမင်းလွင်ဦးက “အသက်ပြည့်ပြီးတဲ့ လူတယောက်အနေနဲ့ လွတ်လပ်ပြီးဖြစ်လို့ မိဘတွေနဲ့ မဆိုင်ဘူး။ သားကိုမမိလို့ အဖေကိုဖမ်းတာ။ ဒါပေမဲ့ သူတို့(စစ်ကောင်စီ)အတွက်က မဆန်းတဲ့လုပ်ရပ် ဖြစ်နေပြီး နိုင်ငံအနှံအပြား ဒီလိုပဲလုပ်နေတာ” လို့ ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီဟာ ၂၀၂၁ နိုဝင်ဘာလကလည်း ကိုမင်းလွင်ဦးရဲ့ မိဘတွေနေအိမ်ကို ဝင်စီးပြီး ပစ္စည်းတွေကို ဖျက်ဆီးပြီး မိခင်ဖြစ်သူကိုလည်း ၄ ရက်ကြာ ဖမ်းခဲ့ပါသေးတယ်။

ကိုမင်းလွင်ဦးဟာ ထားဝယ်ခရိုင် သပိတ်ကော်မတီရဲ့ စည်းရုံးလှုံ့ဆော်ရေး ဆပ်ကော်မတီ တာဝန်ခံဖြစ်ပြီး စစ်ကောင်စီကလည်း အလိုရှိနေလို့ ဆုငွေကျပ်သိန်း ၃၀၀ နဲ့ ဆုငွေထုတ် ကြေညာခံထားရသူလည်း ဖြစ်ပါတယ်။

စစ်ကောင်စီက သပိတ်ကော်မတီဝင်တွေရဲ့ မိသားစုတွေ၊ ကော်မတီဝင်တွေကို ဖမ်းဆီး ထောင်ချတာတွေ ပြုလုပ်နေပေမဲ့ ထားဝယ်ခရိုင်မှာ သပိတ်ကော်မတီက ဦးဆောင်ပြီး အကြမ်းမဖက် လူထုလှုပ်ရှားမှုနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးကို ဒီနေ့အထိ လုပ်ဆောင်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013