DVB Logo
Home
အားကစား
ဆီမီးဖိုင်နယ်ဖိအားက အိမ်ရှင်သြစတြေးလျဘက်မှာပဲရှိဟု အင်္ဂလန်ကွင်းလယ်လူ ဝါ့ရှ်ပြော
DVB
·
August 15, 2023
Donate to DVB

အမျိုးသမီးကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ဖိအားရှိနေမှာက အိမ်ရှင်သြစတြေးလျအသင်းဖြစ်ကြောင်း အင်္ဂလန်ကွင်းလယ်လူ ကီရာဝါ့ရှ်က ပြောပါတယ်။

အင်္ဂလန်အသင်းဟာ သြဂုတ် ၁၆ ရက် ညနေ ၄ နာရီခွဲအချိန်မှာ ပူးတွဲအိမ်ရှင် သြစတြေးလျအသင်းနဲ့ ယှဉ်ပြိုင်သွားရမှာပါ။

အဲဒီပွဲစဉ်မှာ ဖိအားရှိနေမှာက အိမ်ရှင်သြစတြေးလျအသင်းသာဖြစ်ပြီး အင်္ဂလန်အသင်းအနေနဲ့ ပရိသတ်ကွင်းလုံးပြည့် အခြေအနေနဲ့ အတွေ့အကြုံရှိပြီးသားဖြစ်တယ်လို့ ကီရာဝါ့ရှ်က ပြောပါတယ်။

ဒါပေမဲ့ သြစတြေးလျအသင်းက ဖိအားရှိရှိ၊ မရှိရှိ ကောင်းမွန်စွာ ကစားတတ်တဲ့ အသင်းကောင်းတစ်သင်းဖြစ်ကြောင်း၊ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုကို ဦးစားပေးကစားတတ်လို့ အဲဒီအတွက် အဆင်သင့်ဖြစ်နေဖို့လို အပ်ကြောင်း ကွင်းလယ်လူ ကီရာဝါ့ရှ်က ပြောပါတယ်။

ဒီပွဲမှာ ဘယ်အသင်းကပဲအနိုင်ရသည်ဖြစ်စေ ကမ္ဘာ့ဖလား ဗိုလ်လုပွဲကို ပထမဆုံးအကြိမ် တက်ရောက်ခွင့်ရရှိမှာဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013