DVB Logo
Home
မြန်မာသတင်း
ပဲခူးမြစ်ရေ ပြန်ကျပြီး ကယ်ဆယ်ရေးစခန်းများ ရုပ်သိမ်း
DVB
·
August 14, 2023
ပဲခူးမြစ်ရေ ပြန်ကျပြီး ကယ်ဆယ်ရေးစခန်းများ ရုပ်သိမ်း
Donate to DVB

ပဲခူးမြစ်ရေ ပြန်ကျသွားတာကြောင့် ရေဘေးဒုက္ခသည်တွေအတွက် ဖွင့်လှစ်ထားတဲ့ ကယ်ဆယ်ရေးစခန်းတွေကို ပြန်ရုပ်သိမ်းလိုက်ပြီး အဆင်မပြေတဲ့အိမ်တွေကိုတော့ ထမင်းထုပ်တွေဆက်ပြီး ဝေပေးနေရတယ်လို့ လူမှုကူညီရေးအဖွဲ့နဲ့  ဒေသခံတွေထံက သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေကြီးလို့ ပဲခူးမြို့ရှိ အနိမ့်ပိုင်းနေအိမ်တွေ ရေနစ်မြုပ်တဲ့ဒဏ်ကို  ရက်ပိုင်းအကြာခံ စားခဲ့ကြရတာဖြစ်ပြီး မနေ့ကစလို့ ရေပြန်ကျလာတာလို့ ဒေသခံတွေက ဆိုပါတယ်။

ပဲခူး မြို့သစ်(၈)ရပ်ကွက်မှ ဒေသခံတဦးက "ဒီနေ့တော့ရေတော်တော်ကျသွားပြီ။ သိပ်သွားလို့လာလို့တော့ မကောင်းသေးဘူး။ ရေဘေးသွားရှောင်တဲ့သူတွေလည်း ဒီနေ့ပြန်လာကြတယ်"လို့ ပြောပါတယ်။

ပဲခူးမှာ ရေကြီးလို့  ရေဘေးရှောင်ကယ်ဆယ်ရေးစခန်း ၄၀ လောက် ဖွင့်လှစ်ခဲ့ရတာဖြစ်တယ်လို့ 

သကျနွယ် လူမှုညီရေးပရဟိတအသင်း တာဝန်ရှိသူတဦးက ပြောပါတယ်။

"ကယ်ဆယ်ရေးတွေကိုတော့ ပြန်ရုပ်လိုက်ပြီ။ ထမင်းထုပ်တွေတော့ ဆက်ပြီး ဝေနေရသေးတယ်။ အခုလည်း ထမင်းထုပ်ဝေနေတာ"လို့ ပြောပါတယ်။

ပဲခူးရေကြီးမှုဖြစ်စဥ်ကာလအတွင်း ရေဘေးသင့်ပြည်သူ ၁၀၀၀၀ ကျော်ရှိခဲ့ပြီး မြို့တွင်း ပဲခူး-ရန်ကုန်လမ်းပိုင်းတချို့မှာ ကားအသေးတွေနဲ့ ဆိုင်ကယ်၊ သုံးဘီးတွေသွားလာမရအောင် ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ လမ်းမပေါ်မှာလည်း ရေသိသိသာသာကျသွားပြီဖြစ်လို့ ပုံမှန်အတိုင်းပြန်သွားလာလို့ ရနေပြီလို့လည်း ဒေသခံတွေကပြောပါတယ်။

Photo : Flannel box bagon

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013