
တချိန်မှာ နောင်တတွေမရချင်တာကြောင့် အသင်းပြောင်းရွှေ့ခဲ့တာဖြစ်ကြောင်း ဘိုင်ယန်မြူးနစ် တိုက်စစ်မှူးသစ် ဟယ်ရီကိန်းက ပြောပါတယ်။
ကိန်းဟာ စပါးအသင်းမှာ ၁၉ နှစ်ကြာဖြတ်သန်းခဲ့ပြီးနောက် ဘိုင်ယန်အသင်းဆီကို ယူရိုသန်း ၁၀၀ နဲ့ ပြောင်းရွှေ့ခဲ့တာပါ။
ကစားသမားဘဝကုန်ဆုံးချိန်မှာ မတူညီတဲ့လိဂ်ပြိုင်ပွဲနဲ့ ယဉ်ကျေးမှုတွေရှိတဲ့ လိဂ်ပြိုင်ပွဲတွေနဲ့ အတွေ့အကြုံတစ်ခုမရခဲ့ဘူးဆိုပြီး နောင်တမရချင်ကြောင်း၊ လိဂ်ပြိုင်ပွဲအသစ်မှာ အသားကျဖို့တော့ အချိန်အနည်းငယ်ယူရ နိုင်ကြောင်း ဟယ်ရီကိန်းက ပြောပါတယ်။
ဂျာမန်စူပါဖလားပွဲစဉ်က လိုက်ပ်ဇစ်အသင်းရဲ့ကစား ပုံကိုကြည့်မယ်ဆိုရင် ဂျာမန်လိဂ်မှာ အသင်းကောင်းတွေရှိတယ်ဆိုတာ မြင်သာစေပြီး အမှန်တကယ်စိန်ခေါ်မှုတွေရှိလာမှာဖြစ်ကြောင်း ဟယ်ရီကိန်းက ပြောသွားပါတယ်။
ကိန်းဟာလိုက်ပ်ဇစ်နဲ့ စူပါဖလားဗိုလ်လုပွဲစဉ်မှာ နာရီဝက်နီးပါး ဝင်ကစားခဲ့ပေမဲ့ ဘောလုံးထိချက် သုံးချက်သာရှိခဲ့ပြီး အသင်းကလည်း ၃ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။










