DVB Logo
Home
မြန်မာသတင်း
ဆားကြမ်းစျေးကောင်းပြီး အရောင်းသွက်နေ
DVB
·
August 13, 2023
ဆားကြမ်းစျေးကောင်းပြီး အရောင်းသွက်နေ
Donate to DVB

ဆားကြမ်းတွေဈေးကောင်းရပြီး အရောင်းအဝယ်သွက်တာကြောင့် ဆားတောင်သူတွေ အဆင်​ပြနေတယ်လို့ ဆားကြမ်းရောင်းဝယ်သူတွေက ပြောပါတယ်။

ဆာကြမ်းစျေးဟာ ဇွန်လတုန်းက ၁ ပိဿာကို ကျပ် ၁၃၀ သာရှိပေမယ့် သြဂုတ် ၁၂ ရက်နေ့မှာ ၁ ပိဿာကို ၁၈၅ ကျပ် အထိ တက်လာခဲ့ပါတယ်။

သံဖြူဇရပ် ပငရှိ ဆားတောင်သူတယောက်က "ဆားစျေးကတော့ ဇွန်လကနေစ​ပြီး တဖြည်းဖြည်း တက်လာနေတာပေါ့။ စပါးစျေးတက်ရင် စပါးစိုက်တောင်သူတွေ အဆင်ပြေသလို ဆားစျေးတက်တော့လည်း ဆားတောင်သူတွေ အဆင်ပြေတာပေါ့။ ကျနော်တို့က ဆားကိုအဓိကထားပြီး လုပ်ကိုင်နေရတဲ့ ဆားတောင်သူတွေဖြစ်တာကြောင့် ဆားစျေးမကျဘဲနဲ့ တည်တည်ငြိမ်ငြိမ်လေးနဲ့ဆိုရင် ကျနော်တို့ လုပ်ကိုင်လို့ ကောင်းတာပေါ့။ ဆားစျေးကျရင်တော့ ကျနော်တို့အတွက် အလားအလာ မကောင်းတော့ဘူးလေ" လို့ပြောပါတယ်။

ဆားကြမ်းအဓိကထွက်တဲ့ ဧရာဝတီတိုင်းမှာ စျေးငြိမ်နေပြီး ဆားစျေးမတက်တာကြောင့် ပြည်တွင်းဆားကြမ်းစျေးဟာ အခုထက်ပိုပြီး တက်လာဖို့ခဲယဉ်းတယ်လို့ ဆာလုပ်ငန်း လုပ်ကိုင်သူတွေက ခန့်မှန်းထားပါတယ်။

ဆားကြမ်းစျေးနှုန်းတွေဟာ ဆက်တိုက်မြင့်တက်လာခဲ့ပေမယ့် ဆားအရောင်းအဝယ် ကတော့ အရင်ကထက် ပိုသွက်နေတယ်လို့ ဆားကြမ်းလုပ်ငန်းလုပ်ကိုင်သူတယောက်က ပြောပါတယ်။

"မနေ့ကပဲ ၁၈၅ ကျပ်စျေးနဲ့ ပိဿာချိန် ၂ သိန်း လာဝယ်သွားသေးတယ်။ ဆားစျေးကောင်းပြီး အရောင်းအဝယ်လေးသွက်နေမှ အဆင်ပြေမှာလေ၊ ဆားရေတင်ဖို့က ဒီဇယ်တအားသုံးရတော့ လက်ရှိဆီစျေးက အမြင့်ဆုံး​ရောက်နေတာ။ တခြား ကုန်စျေးနှုန်းတွေလို ဆားလည်းလိုက်တက်ပေးမှ အဆင်ပြေမှာ။ ပြီးတော့ ဆားက ရာသီဥတုပေါ်မှီပြီး လုပ်ရတဲ့အလုပ်လည်းဖြစ်တော့ အထွက်ကောင်းရင်ကောင်း မကောင်းရင် စျေးကောင်းနေမှ ကျနော်တို့အတွက်အဆင်ပြေမှာပါ" လို့ပြောပါတယ်။

ပြည်တွင်းဆားတွေဟာ နိုင်ငံခြားကိုပို့ဖို့ အခွင့်အလမ်းမရှိတာကြောင့် ပြည်တွင်းမှာ အသုံးပြုဖို့အတွက်ပဲ ထုတ်လုပ်ကြပါတယ်။

မြန်မာနိုင်ငံမှာ တနှစ်ကို ဆားတန်ချိန်ပျမ်းမျှ ၂၇၀,၀၀၀ နီးပါးထွက်ရှိပြီး ၁၇၀,၀၀၀ ကျော်ကို စားသုံးနေပြီး လုပ်ငန်တွေအတွက် ဆားတန်ချိန် ၅၀,၀၀၀ လောက် အသုံးပြုနေပါတယ်။

ဆားကို ဧရာဝတီတိုင်းမှာ တနိုင်ငံလုံးထုတ်လုပ်အားရဲ့ ၈၀ ရာခိုင်နှုန်းလောက်၊ မွန်ပြည်နယ်မှာ ၁၂ ရာခိုင်နှုန်းနဲ့ ရခိုင်ပြည်နယ်နဲ့ ရန်ကုန်တိုင်းတို့မှာလည်း ထုတ်လုပ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013