DVB Logo
Home
မြန်မာသတင်း
ဘုတလင်မြို့နယ်၊ သခွတ္တနယ်ရွာကို စစ်ကောင်စီက အကြိမ်ကြိမ်မီးရှို့
DVB
·
August 13, 2023
ဘုတလင်မြို့နယ်၊ သခွတ္တနယ်ရွာကို စစ်ကောင်စီက အကြိမ်ကြိမ်မီးရှို့
Donate to DVB

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ သခွတ္တနယ်ရွာကို ဩဂုတ် ၁၂ ရက် မနေ့ညနေကစလို့ ဒီမနက်အထိ စစ်ကောင်စီက မီး ၃ ကြိမ်ရှို့ခဲ့ပြီး ဒေသခံရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

အဲဒီစစ်ကြောင်းမှာ အင်အား ၁၅၀ လောက်ပါပြီး ကူတော်ရွာရဲစခန်းက စစ်သားတွေနဲ့ ရေဦးဘက်ကတဆင့် စစ်ကြောင်းထိုးလာတဲ့ ပူးပေါင်းစစ်ကြောင်းဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

သခွတ္တနယ်ရွာသားတယောက်က “မရကန်ရွာကိုမီးရှို့ခဲ့ပြီး ကျနော်တို့ ဘုတလင်မြို့နယ် ကူတော်စခန်းကိုဝင်ပြီး အင်အားထပ်တိုးပြီး မောင်းထောင်ရွာ၊ သစ်ခဲရွာ၊ လက်ယက်တွင်းရွာ၊ ဂွေးပင်ကျင်းရွာကနေ ဖြတ်ပြီး ကျနော်တို့ရွာကိုဝင်လာတာ။ မီးက မနေ့က ညနေ ၅ နာရီတကြိမ်၊ ည ၉ နာရီက တကြိမ်၊ ဒီနေ့ဩဂုတ် ၁၃ ရက်နေ့ မနက်ခင်းက တကြိမ် ရွာကိုမီးရှို့နေတာဗျ။ ရွာသားတွေကတော့ မနေ့က မနက်ခင်းကတည်းက ထွက်ပြေးနေရတယ်။ ရွာမီးရှို့နေတာက အဝေးကနေပဲ မီးခိုးလုံးကြီးတွေတက်နေတာ အဝေးကနေ မြင်နေရတယ်” လို့ ပြောပါတယ်။

အိမ်ခြေဘယ်လောင် ဆုံးရှုံးသွားလဲဆိုတာကိုလည်း မသိရသေးဘဲ စစ်ကောင်စီ စစ်ကြောင်းဟာ မနေ့ညက သခွတ္တနယ်ရွာမှာဝင်အိပ်ပြီး ဒီမနက်မှာလည်း ရွာကနေ ထွက်မသွားသေးတာကြောင့် ဒေသခံထောင်ချီထွက်ပြေးနေရတုန်းဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013