DVB Logo
Home
မြန်မာသတင်း
ဒုက္ခသည်စခန်းမှ ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်တဲ့ မြန်မာနိုင်ငံသား ၁၀ ဦး ဖမ်းဆီးခံရ
DVB
·
August 13, 2023
ဒုက္ခသည်စခန်းမှ ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်တဲ့ မြန်မာနိုင်ငံသား ၁၀ ဦး ဖမ်းဆီးခံရ
Donate to DVB

ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းမှ ထိုင်းနိုင်ငံအတွင်းကို တရားမဝင် ဝင်ရောက်ခဲ့တဲ့ မြန်မာနိုင်ငံသား ၁၀ ဦးနဲ့ ပို့ဆောင်ပေးတဲ့ထိုင်နိုင်ငံသား ၃ ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ သြဂုတ် ၁၂ ရက်မှာ The Thaiger ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

တမွန်မယ်​ခေးမြို့နယ် အဝေးပြေးလမ်းမကြီး ၁၃၃၇ မှာရှိတဲ့စစ်ဆေးရေးဂိတ်မှာ သြဂုတ် ၁၀ ရက် ညပိုင်းက ဒေသဆိုင်ရာအာဏာပိုင်တွေနဲ့ ထိုင်းရဲတပ်ဖွဲ့တို့ စစ်ဆေးနေချိန်မှာ ချင်းမိုင်လိုင်စင်နဲ့ ပစ်ကပ်ထရပ်ကား နှစ်စီးထဲမှာ ရွေ့ပြောင်း မြန်မာနိုင်ငံသား  ၁၀ ဦးနဲ့ ထိုင်းနိုင်ငံသား ၃ ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။

ပစ်ကပ်ထရပ်ကား နှစ်စီးလုံးရဲ့ ယာဥ်မောင်းတွေအပါအဝင် အမျိုးသား ၃ ဦးဟာ ထိုင်းနိုင်ငံသားတွေဖြစ်ပြီး  နောက်မှလိုက်ပါလာခဲ့တဲ့မြန်မာ ၁၀ ယောက်မှာ အသက် ၅ နှစ်မှ ၁၄ နှစ်ကြား ကလေး ၄ ဦးပါဝင်တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

ဖမ်းဆီးခံခဲ့ရတဲ့ ရွေ့ပြောင်းမြန်မာနိုင်ငံသားတွေဟာ စာရွက်စာတမ်းနဲ့ တရားဝင် အထောက်အထားတွေ မပါရှိပေမဲ့ ထိုင်းဘာသာစကားကိုကျွမ်းကျင်စွာ ပြောဆိုနိုင်တယ်လို့ ဆိုပါတယ်။

​ကယားပြည်နယ်မှာ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် ထိုင်းနိုင်ငံသို့ ထွက်ပြေးလာပြီး နယ်စပ်အနီးရှိ ဒုက္ခသည်စခန်းမှာတခုမှာ နေထိုင်ကြကာ စခန်းကို ရိက္ခာကူညီပံ့ပိုးပေးတဲ့ ထိုင်းနိုင်ငံသားနဲ့ ချိတ်မိကာ  ထိုင်းနိုင်ငံရှိ ဆွေမျိုးတွေကိုတွေ့ဆုံဖို့ သွားရောက်ခဲ့တာလို့ ရဲတပ်ဖွဲ့ထံ ထွက်ဆိုဝန်ခံခဲ့ပါတယ်။

ဖမ်းဆီးရမိခဲ့တဲ့ ထိုင်းနိုင်ငံသား သုံးယောက်ထဲက  အနိုင်းဟာ ထိုင်းနိုင်ငံအတွင်းကို ခိုးဝင်လာတဲ့ မြန်မာဒုက္ခသည်တွေကို ၂ ကြိမ် ကူညီပေးခဲ့ကြောင်းနဲ့ ကယ်ဆယ်ရေးစခန်းတွေကို ပစ္စည်းတွေ ကူညီပို့ပေးသူဖြစ်လို့  မြန်မာဒုက္ခသည်တွေနဲ့ အဆက်အသွယ်ရှိနေခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ထိုင်းနိုင်ငံသား ၃ ဦးကို  တရားမဝင်ရွေ့ပြောင်းနေထိုင်သူ မြန်မာနိုင်ငံသားတွေကို ခေါ်ယူမှုနဲ့ တရားစွဲဆိုထားတယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

Source. The Thaiger

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013