
ဘိုင်ယန်မြူးနစ်အသင်းဆီ ဟယ်ရီကိန်းပြောင်းရွှေ့ခဲ့တာဟာ မှန်ကန်တဲ့ဆုံးဖြတ်ချက်ဖြစ်ကြောင်း အင်္ဂလန်တိုက်စစ်မှူးဟောင်းအလန်ရှီးယားက ပြောပါတယ်။
အင်္ဂလန်အသင်းခေါင်းဆောင် ဟယ်ရီကိန်းဟာ စပါးအသင်းမှာ ဆယ်စုနှစ်ကျော် ကစားခဲ့ပြီးနောက် ဂျာမန်ထိပ်သီးကလပ် ဘိုင်ယန် အသင်းဆီကို ပေါင် ၈၆ ဒသမ ၄ သန်းနဲ့ ပြောင်းရွှေ့ခဲ့တာပါ။
ကိန်းဟာ အင်္ဂလန်အသင်းသမိုင်းတလျှောက် ဂိုးအများဆုံးကစားသမားဖြစ်ပေမဲ့ ဆုဖလားအောင်မြင်မှုရယူနိုင်ခြင်း မရှိသေးပါဘူး။
ဘိုင်ယန်ဆီပြောင်းရွှေ့မှုဟာ ကိန်းအတွက် မှန်ကန်တဲ့ဆုံးဖြတ်ချက်ဖြစ်ပြီး ကိန်းဟာ အောင်မြင်မှုတွေနဲ့ ထိုက်တန်သူဖြစ်တယ်လို့ အလန်ရှီးယားက ချီးကျူးပါတယ်။
ကိန်းကတော့ လက်ရှိအချိန်ဟာ စပါးအသင်းကနေထွက်ခွါပြီး စိန်ခေါ်မှုအသစ်တွေရင်ဆိုင်ဖို့ အကောင်းဆုံးအချိန်ဖြစ်တယ်လို့ ပြောပါတယ်။
ဟယ်ရီကိန်းဟာ စပါးအသင်းမှာ စုစုပေါင်း ၄၃၅ ပွဲကစားခဲ့ပြီး သွင်းဂိုး ၂၈၀ သွင်းယူပေးခဲ့ပါတယ်။










