DVB Logo
Home
အားကစား
မြန်မာဖူဆယ်အသင်း ဆီမီးဖိုင်နယ်တွင် ချက်ကို ဂိုးပြတ်ရှုံး
DVB
·
August 12, 2023
မြန်မာဖူဆယ်အသင်း ဆီမီးဖိုင်နယ်တွင် ချက်ကို ဂိုးပြတ်ရှုံး
Donate to DVB

ထိုင်းနိုင်မှာ ကျင်းပတဲ့ "Continental Futsal Championship 2023"ပြိုင်ပွဲ ဆီးမီးဖိုင်နယ်ပွဲစဥ်ကို သြဂုတ် ၁၁ ရက်က ယှဥ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းက ချက်အသင်းကို ၅ ဂိုး ၁ ဂိုးနဲ့ဂိုးပြတ်ရှုံး နိမ့်ခဲ့ပြီး ဗိုလ်လုပွဲတက်ခွင့်နဲ့ လွဲချော်ခဲ့ပါတယ်။

ကမ္ဘာ့အဆင့် ၂၁ ရှိတဲ့ ချက်ဖူဆယ်အသင်းဟာ ပွဲစကတည်းက ကမ္ဘာ့အဆင့် ၈၃ ရှိတဲ့ မြန်မာဖူဆယ်အသင်းကို အသာစီးကစားထားပြီး ပထမပိုင်း ၂ ဂိုး၊ ဒုတိယပိုင်းမှာ ၃ ဂိုးသွင်းယူခဲ့ပြီး မြန်မာအသင်းအတွက် ချေပဂိုးကို ဒုတိယပိုင်းမှာ လှိုင်မင်းထွန်းက သွင်းယူခဲ့ပါတယ်။

ပွဲအပြီးမှာ မြန်မာအသင်းနည်းပြချုပ်ဘန်လက်ချာအိုရွန်က "ဒီပွဲစဉ်ရဲ့ ရလဒ်ကို ကျနော် ကျေနပ် ပါတယ်။ ချက်အသင်းဟာ ကျ​နော်တို့အသင်းထက် ကမ္ဘာ့အဆင့် ရပ်တည်မှုမြင့်မားတဲ့ အသင်း တသင်း ဖြစ်ပြီး ဒီပွဲစဉ်မှာလည်း ကစားသမားတွေကလည်း အကောင်းဆုံးကြိုးစား ကစားခဲ့ကြ ပါတယ်။ ကျနော်တို့ပြန်ရောက်တာနဲ့ အမှားတွေကိုပြင်ဆင်ပြီး ကစားသမားတွေကိုလည်း နည်းစနစ်အတိုင်းသေချာကစားနိုင်အောင် ပြင်ဆင်ပေးသွားမှာပါ။ အာရှဖလားပြိုင်ပွဲ ကစားနိုင်ဖို့ အကောင်းဆုံး ပြင်ဆင်သွားမှာပါ" လို့ ပြောကြားခဲ့ပါတယ်။

အခြားဆီးမီးဖိုင်နယ်ပွဲစဥ်ဖြစ်တဲ့ ထိုင်းအသင်းနဲ့ အာဖဂန်နစ္စတန်အသင်းတို့ပွဲစဥ်မှာ ထိုင်းအသင်းက ၅ ဂိုး ၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပြီး ဗိုလ်လုပွဲကိုတက်ရောက်ခဲ့ပါတယ်။

မြန်မာဖူဆယ်အသင်းဟာ တတိယလုပွဲအဖြစ် သြဂုတ် ၁၃ ရက် ညနေ ၄ နာရီမှာ ကမ္ဘာ့အဆင့် ၆၆ အာဖဂန်နစ္စတန်အသင်းနဲ့ယှဥ်ပြိုင်သွားရမှာဖြစ်ပါတယ်။

ဗိုလ်လုပွဲစဥ်ဖြစ်တဲ့ အိမ်ရှင်ထိုင်းဖူဆယ်အသင်းနဲ့ ချက်ဖူဆယ်အသင်းတို့ပွဲစဥ်ကို သြဂုတ် ၁၃ရက် ည ၇ နာရီမှာ ယှဥ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013