DVB Logo
Home
မြန်မာသတင်း
ကရင်နီစစ်ဘေးရှောင်များအတွက် ဘေးကင်းဇုန် ဖွင့်လှစ်ကူညီပေးရန် ထိုင်းလွှတ်တော်၌ တောင်းဆို 
DVB
·
August 11, 2023
ကရင်နီစစ်ဘေးရှောင်များအတွက် ဘေးကင်းဇုန် ဖွင့်လှစ်ကူညီပေးရန် ထိုင်းလွှတ်တော်၌ တောင်းဆို 
Donate to DVB

မြန်မာပြည်တွင်း စစ်ရေးပဋိပက္ခတွေကြောင့် ထိုင်းမြောက်ပိုင်းမယ်ဟောင်ဆောင်ခရိုင်ထဲကို ဝင်ရောက်ခိုလှုံလာတဲ့ ကရင်နီစစ်ဘေး‌ရှောင်တွေကိုရော၊ နယ်စပ်က စစ်ဘေးရှောင်တွေ အတွက်ပါ ဘေးကင်းဇုန်သတ်မှတ်ပြီး  လူသားချင်းစာနာမှု အကူအညီတွေပေးဖို့ ထိုင်းလွှတ်တော်အမတ်က ဩဂုတ် ၁၀ ရက် ပုံမှန်လွှတ်တော်အစည်းအဝေးမှာ တင်ပြတောင်းဆိုပါတယ်။ 

FAIR ပါတီလွှတ်တော်အမတ် နိုင်းကန်နဝီ ဆိပ်ဆိုင်က မြန်မာပြည်မှာ ပြည်တွင်းပဋိပက္ခတွေကြောင့် လူပေါင်း ၁ သန်းကျော် စစ်ဘေးဒဏ်ခံနေရကြောင်း၊  ထိုင်းမြန်မာနယ်စပ်တလျှောက် (မြန်မာဘက်ခြမ်း) မှာလည်း  စစ်ဘးရှောင်ပေါင်း ၃  သိန်းလောက် ရောက်ရှိနေကာ အခြေအနေပိုဆိုးလာရင် ထိုင်းဘက် ထွက်ပြေးလာဖို့ အသင့်ရှိနေတယ်လို့  ထိုင်းလွှတ်တော်ပုံမှန် အစည်းအဝေးမှာ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂ နှစ်တာကာလအတွင်း လေကြောင်းတိုက်ခိုက်မှုအပါအဝင် တိုက်ပွဲပေါင်း ၁၀၀ ကျော်ဖြစ်ခဲ့ပြီး ပြည်သူ ၂၀၀၀၀ ကျော် ထိုင်းနိုင်ငံထဲကို ထွက်ပြေးခိုလှုံခဲ့ကြောင်း၊ ဇွန် ၁၄ ရက်မှ ကနေ့အထိ ၂ လအတွင်း  မယ်ဟောင်ဆောင်ခရိုင် ယာယီစစ်ဘေးရှောင်စခန်း  ၅ ခုမှာ ကရင်နီပြည်က စစ်ဘေးရှောင် ၉၀၅၉ ဦး ခိုလှုံလာတယ်လို့ ဆိုပါတယ်။

သူတို့တွေကို ထိုင်းနယ်ခြားစောင့်တပ်၊ ဒေသအာဏာပိုင်နဲ့ UNHCR စတဲ့ အဖွဲ့အစည်းက လတ်တလောလိုအပ်နေတဲ့ ယာယီအမိုးအကာနဲ့ စားရေးသောက်ရေးတွေ အကူ အညီပေးနေပေမဲ့ ရေရှည်အတွက်ရော၊ နောက်ထပ်ဝင်ရောက်လာနိုင်တဲ့ ဒုက္ခသည်တွေနဲ့  ၊ ထိုင်းပြည်သူတွေရဲ့ လုံခြုံရေးတွေအတွက် အစိုးရအနေနဲ့  မူဝါဒတွေချမှတ်ကာ ကြိုတင်ပြင် ဆင်ထားသင့်တယ်လို့ ဆိုပါတယ်။

ဒါကြောင့်  စစ်ဘေးရှောင်နဲ့ ဒေသခံထိုင်းပြည်သူတွေ လုံခြုံ‌ရေးအတွက် ထိုင်းနယ်စပ် ၅ ကီလိုမီတာအကွာမှာ Safety Zone တစ်ခု သတ်မှတ်ထားရှိရေး၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီရရှိရေး Humanitarian Corridor   ဆောင်ရွက်ဖို့ တိုက်တွန်းတောင်းဆိုခဲ့ပါတယ်။ 

ဘေးကင်းဇုန်သတ်မှတ်ဖော်ဆောင်ရေးအတွက် နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ အာဆီယံ ချာတာ လမ်းကြောင်းအတိုင်း မြန်မာဘက်က တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းဆွေးနွေးဖို့လည်း အကြံပြု ပါတယ်။

လူသားချင်းစာနာမှုဆိုင်ရာအကူအညီ Huminatarian Corridor ဟာ အရင်ကလည်း ရှိပြီး သားဖြစ်ပေမဲ့ လုံလောက်မှုမရှိတာကြောင့် ရန်ပုံငွေတိုးမြှင့်ချထားပေးဖို့လည်း လွှတ်တော်အမတ် ကန်နဝီ ဆိပ်ဆိုင်က ပြောပါတယ်။ 

ဖတ်ပင်ထမ်းပါတီ FAIR Party ဟာ ထိုင်းတောင်ပိုင်းအခြေစိုက်ဖြစ်ပြီး ပါတီသစ်တစ်ခုဖြစ်ကာ  ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အမတ် ၁ နေရာ နိုင်ခဲ့ပါတယ်။ 

အနိုင်ရ အမတ်နိုင်းကန်နဝီ ဆိပ်ဆိုင်ဟာ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရင်မဟာမင်းကြီးရုံး (UNHCR) မှာ အလုပ်လုပ်ခဲ့ပြီး MFP ပါတီဦးဆောင်တဲ့  ညွန့်ပေါင်းမဟာမိတ်အဖွဲ့ထဲမှာလည်း ပါခဲ့ပါတယ်။

လက်ရှိ အခြေအနေအရ ဖွေ့ထိုင်းပါတီက အစိုးရဦးဆောင်ဖွဲ့စည်းဖို့ကြိုးပမ်နေပေမဲ့  သူကတော့ အတိုက်အခံဘက်ကပဲ နေရနေရ MFP ပါတီနဲ့ မခွဲဘူးလို့ ကြေညာထားပါတယ်။   

ကိုးကား - CH3 TV News 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013