
ဘိုင်ယန်မြူးနစ်အသင်းဟာ စပါးတိုက်စစ်မှူးဟယ်ရီကိန်းကို ပေါင် ၉၅ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမူ ရရှိခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ ဟယ်ရီကိန်းကိုခေါ်ယူဖို့ အပြောင်းအရွှေ့ကာတလျှောက်လုံး ပစ်မှတ်ထား ကြိုးပမ်းခဲ့တာပါ။
နောက်ဆုံးမှာတော့ ပေါင် ၉၅ သန်းနဲ့ ကမ်းလှမ်းချက်ကို စပါးအသင်းက လက်ခံလိုက်တာကြောင့် ဟယ်ရီကိန်းကိုခေါ်ယူဖို့ သဘောတူညီမူရယူနိုင်ခဲ့တာပါ။
အသက် ၃၀ နှစ်ရှိ ဟယ်ရီကိန်းအနေနဲ့ ဘိုင်ယန်မြူးနစ်မှာ တစ်ပတ်လုပ်ခ ပေါင်လေးသိန်း အထိရရှိမှာဖြစ်တယ်လို့သိရပါတယ်။
ဟယ်ရီကိန်းအတွက် ကနဦးပြောင်းရွှေ့ကြေးပေါင် ၉၅ သန်းအပြင် နောက်ထပ် အပိုပေးချေရမယ့် ပမာဏတွေပါ ပါဝင်နိုင်ပြီး မကြာခင်မှာ အပြောင်းအရွှေ့ဖြစ်မြောက်လာဖို့ရှိတယ်လို့ ဒေးလီးမေးလ်သတင်းက ဖော်ပြသွားပါတယ်။










