DVB Logo
Home
မြန်မာသတင်း
ပြည်တွင်းစားအုန်းဆီစျေးနှုန်း ကျပ် ၁,၀၀၀ ခန့် ပြန်ကျ
DVB
·
August 8, 2023
ပြည်တွင်းစားအုန်းဆီစျေးနှုန်း ကျပ် ၁,၀၀၀ ခန့် ပြန်ကျ
Donate to DVB

မြန်မာပြည်တွင်း စားအုန်းဆီစျေးနှုန်းတွေဟာ စစ်ကောင်စီရဲ့ စာအုန်းဆီ သတ်မှတ်စျေးနှုန်းကော ပြင်ပ စားအုန်းဆီစျေးနှုန်းတွေပါ အနည်းငယ် ပြန်လည်ကျဆင်း လာတယ်လို့ စားအုန်းဆီ ရောင်းဝယ်သူတွေထံက သိရပါတယ်။

အခုတပတ်အတွက် ဇူလိုင် ၈ ရက်မှ ၁၅ ရက်အထိ စားအုံးဆီ သတ်မှတ်ရည်ညွှန်းစျေးဟာ ကျပ် ၄,၁၅၀ ရှိပြီး အရင်အပတ်က ၄,၂၉၅ ထက် ၁၄၅ ကျပ် ကျဆင်းလာခဲ့ပါတယ်။ လက်ရှိ ပြင်ပ လက်ကားစျေးနှုန်းဟာ ကျပ် ၇,၉၀၀ မှ ၈,၂၀၀ အထိရှိပြီး အရင်အပတ်ကထက် ကျပ် ၁,၀၀၀ ကျဆင်းခဲ့ပါတယ်။

စားအုန်းဆီ လက်ကားရောင်းဝယ်သူတဦးက “ဆီစျေးက ဒီနေ့ဆို ၈,၀၀၀ ပတ်ဝန်းကျင်နားပဲ ရှိတော့ပါတယ်။ အရင်ရက်တွေကယှဥ်ရင် ကျတယ်ဆိုပေမဲ့ ဒီစျေးကလည်း အမြင့်စျေးမှာ ရှိနေတုန်းပါပဲ။ စစ်ကောင်စီက သတ်မှတ်တဲ့ စျေးကလည်း သတ်မှတ်ချက်တခု သာသာပါ။ အဲဒါ သူတို့ တခါတလေ ရပ်ကွက်ထဲ လှည့်ရောင်းပေးတဲ့ စျေးပဲပေါ့။ အပြင်မှာတော့ ဘယ်သူမှ အရောင်းအဝယ် မလုပ်သလို သူတို့လည်း အစ်ကိုတို့ကို မရောင်းပေးဘူး။ စားအုန်းဆီကလည်း စျေးကွက်ထဲမှာ လိုသလောက်မရတဲ့ အခြေအနေ ရှိနေတာကြောင့် စျေး ဒီထက်ပိုကျဖို့ မရှိတော့ပါဘူး” လို့ ပြောပါတယ်။

စာအုန်းဆီစျေးတွေ ကျဆင်းနေပေမဲ့ မိုးရွာသွန်းမှုများတာ၊ ရေကြီးရေလျှံတာနဲ့ ဝင်ငွေ အခက်အခဲတွေကြောင့် စားအုန်းဆီ အရောင်းအဝယ် ပါးနေတယ်လို့ စားအုန်းဆီ ရောင်းဝယ်တဲ့ ကုန်ခြောက်ဆိုင်ပိုင်ရှင်တဦးက ပြောပါတယ်။

“ဆီအရောင်းအဝယ်ကတော့ တော်တော်ကို ပါးနေပါတယ်။ အရင်ကဆို တနေ့ကို ဆီ (လီတာ ၂၀) နှစ်ပုံး ကုန်ပေမဲ့ အခု တပုံးမပြောနဲ့ တဝက်တောင် အသည်းအသန်ပဲ။”

ဆီစျေးနှုန်း အနည်းငယ်ကျဆင်းပေမဲ့ အခြေခံလူတန်းစားတွေရဲ့ဝင်ငွေနဲ့ယှဥ်ရင် များပြားနေဆဲဖြစ်ပြီး အရင်လို ပိုပိုလျှံလျှံစားသုံးဖို့ ခက်ခဲနေဆဲလို့ အိမ်ရှင်မတဦးက ပြောပါတယ်။

ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင် ရောင်းချတာ၊ ဈေးကစားဖို့ ရည်ရွယ်ချက်နဲ့ သိုလှောင်တာနဲ့ မသမာတဲ့ လုပ်ဆောင်မှုတွေ ပြုလုပ်ပါက အရေးကြီးကုန်စည်နဲ့ ဝန်ဆောင်မှု ဥပဒေအရ အရေးယူသွားမယ်လို့ စစ်ကောင်စီဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013