အင်္ဂလန်တိုက်စစ်မှူး ဟယ်ရီကိန်းရဲ့ အပြောင်းအရွှေ့မှာ ဘိုင်ယန်မြူးနစ်နဲ့ စပါးအသင်းတို့ အကြား ပြောင်းရွှေ့ ကြေးညှိနှိုင်းမရ ဖြစ်နေပါတယ်။
ဘိုင်ယန်အသင်းဟာ စပါးအသင်းတာဝန်ရှိသူတွေနဲ့ လန်ဒန်အထိလာရောက်ဆွေးနွေးခဲ့သလို ပေါင် ၈၆ သန်းအထိပေးချေပြီး ကမ်းလှမ်းခဲ့ပေမဲ့ စပါးအသင်းက ပယ်ချခဲ့တာပါ။
စပါးအသင်းဘက်ကတော့ မူလကသတ်မှတ်ထားတဲ့ ပေါင်သန်း ၁၀၀ ထက်ပိုပြီး ပေါင်သန်း ၁၂၀ အထိ အလိုရှိနေတယ်လို့ သိရပါတယ်။
ဒီအခြေအနေကြောင့် ပြောင်းရွှေ့ ကြေးညှိနှိုင်းမရခဲ့ဘူးဆိုရင် ဟယ်ရီကိန်းဟာ စပါးအသင်းမှာပဲ ဆက်ရှိဖို့ များနေပါတယ်။
ဒါပေမဲ့ စာချုပ်တစ်နှစ်သာကျန်တော့တဲ့ ကိန်းအတွက် ပေါင်သန်း ၁၀၀ အထိ တိုးမြှင့် ကမ်းလှမ်း မယ်ဆိုရင်တော့ စပါးဘက်က လက်ခံစဉ်းစားနိုင်တယ်လို့ သိရပါတယ်။










