DVB Logo
Home
အားကစား
လိင်ပိုင်းဆိုင်ရာစော်ကားမှုကြောင့် ဆယ်တာဗီဂို တိုက်စစ်မှူးကို အသင်းက ထုတ်ပယ်
DVB
·
August 6, 2023
လိင်ပိုင်းဆိုင်ရာစော်ကားမှုကြောင့် ဆယ်တာဗီဂို တိုက်စစ်မှူးကို အသင်းက ထုတ်ပယ်
Donate to DVB

တိုက်စစ်မှူး ဆန်တီမီနာဟာ လိင်ပိုင်းဆိုင်ရာစော်ကားမှုနဲ့ အပြစ်ရှိကြောင်းတွေ့ရှိပြီးနောက် စပိန်လာလီဂါကလပ် ဆယ်တာဗီဂိုအသင်းဟာ သြဂုတ် ၅ ရက်မှာ သူ့ကို စာချုပ်တဖက်သတ် ရပ်စဲပြီး အသင်းက ထုတ်ပယ်လိုက်ပါတယ်။

ဆန်တီမီနာဟာ ၂၀၁၇ ကနိုက်ကလပ်အပြင်ဘက်မှာ အမျိုးသမီးတယောက်ကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုကြောင့် ၂၀၂၂ ခုနှစ်မေလမှာ စပိန်အောက်တရားရုံးက ထောင်ဒဏ် ၄ နှစ်နဲ့ ဒဏ်ငွေယူရို ၂၅,၀၀၀ ချမှတ်ခံခဲ့ရပါတယ်။

ဆယ်တာဗီဂိုအသင်းဟာ ၂၀၂၂ ခုနှစ် ဇွန်မှာ ဆန်တီမီနာကို ဆော်ဒီကလပ် အယ်ရှာဘတ်အသင်းဆီ တရာသီအငှားနဲ့ စေလွှတ်ပြီး အသင်းကို ပြန်ရောက်မလာခင်အချိန်ထိ အပြစ်ရှိ၊  မရှိ စုံစမ်း စစ်ဆေးခဲ့ကာ အပြစ်ရှိကြောင်းတွေ့ရှိတာကြောင့် အခု သြဂုတ်  ၅ ရက်မှာ စာချုပ် တဖက်သတ် ရပ်စဲလိုက်တာပါ။

ဆယ်တာဗီဂိုအသင်းက "ဥပဒေဆိုင်ရာအချက်အလက်တွေနဲ့ သေချာစိစစ်ပြီးနောက် အပြစ်ရှိ ကြောင်း တွေ့ရှိရတာကြောင့် ဆန်တီမီနာရဲ့အလုပ်စာချုပ်ကို တဖက်သတ်ရပ်ဆိုင်းဖို့ ဆုံးဖြတ် ခဲ့ပါတယ်။ ဆယ်တာဟာ ရက်ရောမှု၊ စာနာမှုတွေနဲ့ ပေါက်ဖွားလာတာ နှစ် ၁၀၀ ပြည့်ပြီဖြစ်တဲ့ ကလပ်ဖြစ်တာကြောင့် လူ့အသိုင်းအဝိုင်းပေါ်မှာ ကတိကဝတ်နဲ့ တန်ဖိုးထားပါတယ်" လို့ လူမှုကွန်ရက် စာမျက်နှာမှာထုတ်ပြန်ခဲ့ပါတယ်။

ဆန်တီမီနာကို အသင်းကထုတ်ပယ်ခဲ့တဲ့ ဆန်တာဗီဂိုအသင်းရဲ့ဆုံးဖြတ်ချက်ကို စပိန်လာလီဂါ အဖွဲ့ချုပ်ကလည်း အပြည့်အဝထောက်ခံကြောင်း စာထုတ်ခဲ့ပါတယ်။

အသက် ၂၇ နှစ်အရွယ်ဆန်တီမီနာကတော့ စွပ်စွဲခဲ့တဲ့အမျိုးသမီးကို အဓမ္မပြုကျင့်ဖို့ ကြိုးစားခဲ့တာမဟုတ်ဘဲ နှစ်ဦးသဘောတူလိင်ဆက်ဆံခဲ့တာဖြစ်လို့ အောက်တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို လက်မခံနိုင်ကြောင်းပြောပြီး  စပိန်တရားရုံးချုပ်မှာ အယူခံဝင်ထားပါတယ်။

Source. Rc Celta,Laliga,Santi Mina

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013