DVB Logo
Home
မြန်မာသတင်း
မလေးရှားတွင် မြန်မာနိုင်ငံသား ၄၀၀‌ ကျော်ဖမ်းဆီးခံရ
DVB
·
August 5, 2023
မလေးရှားတွင် မြန်မာနိုင်ငံသား ၄၀၀‌ ကျော်ဖမ်းဆီးခံရ
Donate to DVB

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ ဩဂုတ် ၅ ရက် ဒီနေ့ အစောပိုင်းက ရှောင်တခင်ဝင်ရောက်စစ်ဆေးပြီး မြန်မာနိုင်ငံသား ၄၀၀ ကျော်ဖမ်းဆီးခံခဲ့ရပါတယ်။

မနက်အစောပိုင်း ၁ နာရီခွဲလောက်မှာ စစ်ဆေးရေးဝင်ရောက်ပြီး ဖမ်းဆီးခံရသူတွေထဲမှာ ကလေးနဲ့ မိခင်တွေ အပါအဝင် ဖမ်းဆီးခံရသလို မိသားစုလိုက်နေထိုင်တဲ့နေရာတွေကို ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ မျက်မြင်တွေ့ရှိသူ မြန်မာနိုင်ငံသားတယောက်က ပြောပါတယ်။

"‌ဒီမနက်အစောကြီး ၁ နာရီခွဲလောက်မှာ လာဖမ်းသွားတာ။ ဖမ်းဆီးခံရတဲ့ Falat ၃ ခု မှာက ချင်းတွေနေတာများတယ်။ အရင်နှစ်တွေက ခုလိုအကုန်လုံးကို မဝင်ဘူး။ Falat တခုဝင်ရင် နောက်တခု မဝင်ဘူးပေါ့။ ဒီမနက်ကတော့ အကုန်ဝင်ပြီးဖမ်းသွားတာ။ မိသားစုလိုက်အကုန်ခေါ်သွားတယ်" လို့ ဆိုပါတယ်။

ဒီမနက်ဖမ်းခံရတဲ့ မြန်မာနိုင်ငံသားအားလုံးက ၄၀၀‌ ကျော်တယ်လို့ Myanmar Information in Malaysia(MIM)တာဝန်ရှိသူက ပြောပါတယ်။

"ကွာလာလမ်ပူ၊ Taman Len Sen မှာ ဖမ်းဆီးခံရတဲ့အထဲမှာ အမျိုးသား ၃၇၈ ယောက်၊ အမျိုးသမီး ၅၁ ယောက်နဲ့ စုစုပေါင်း ၄၂၉ ယောက် ဖမ်းဆီးခံရတာပါ။ ဖမ်းခံရတဲ့အထဲ မြန်မာတွေနဲ့ ဘင်္ဂလားတွေလည်း ပါတယ်" လို့ ပြောပါတယ်။

ဇူလိုင် ၃၁ ရက်ညကလည်း မလေးရှားနိုင်ငံ Seremban မြို့က တရုတ် ဘုရားကျောင်းတခုမှာ ဒုက္ခသည်တွေဝတ်ပြုနေတုန်း မလေးရှားအာဏာပိုင်တွေက ဖမ်းဆီးခဲ့လို့ ချင်းဒုက္ခသည်တွေ အပါအဝင် တခြား တိုင်းရင်းသားဒုက္ခသည် ၂၃ ယောက်လောက် ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

မလေးရှားရောက် မြန်မာနိုင်ငံသားတွေဟာ ကိုဗစ်ကာလအလွန်မှာ အလုပ်အကိုင် ရှားပါးလာတာ၊ အလုပ်ထုတ်ခံရတာတွေ မကြာခဏတွေ့ကြုံရပြီး နိုင်ငံရေးကြောင့် အောက်လမ်းကနေ လာရောက်တဲ့ မြန်မာနိုင်ငံသားတွေလည်း နေထိုင်ဖို့ အခက်အခဲတွေအများကြီး ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

မလေးရှားနိုင်ငံမှာ ‌မလေးရှားဒေသခံ Grab ကားသမားတယောက်ကို သတ်ဖြတ်မှုနဲ့ ကိုဆွာလေးဆိုတဲ့ မြန်မာနိုင်ငံသားတယောက်ကို ပြီးခဲ့တဲ့ ဇူလိုင် ၂၉ ရက်မှာ အထက်တရားရုံးကနေ သေဒဏ်ချမှတ်ခဲ့ပါသေးတယ်။

Photo- Myanmar Information in Malaysia(MIM)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013