DVB Logo
Home
အားကစား
စပါးတိုက်စစ်မှူးဟောင်း ဆိုလ်ဒါဒို ဘောလုံးသမားဘဝက အနားယူ
DVB
·
August 5, 2023
စပါးတိုက်စစ်မှူးဟောင်း ဆိုလ်ဒါဒို ဘောလုံးသမားဘဝက အနားယူ
Donate to DVB

အင်္ဂလန်ပရီးမီးယားလိဂ် ထိပ်သီးကလပ် စပါးအသင်းရဲ့တိုက်စစ်မှုးဟောင်း ရော်ဘာတိုဆိုလ်ဒါဒို ဟာ ပရော်ဖက်ရှင်နယ်ဘောလုံးသမားဘဝကနေ အနားယူတော့မယ်လို့ သြဂုတ် ၃ ရက်မှာ တရားဝင် ကြေညာခဲ့ပါတယ်။

အသက် ၃၈ နှစ်အရွယ် ဆိုလ်ဒါဒိုဟာ ပြီးခဲ့တဲ့ရာသီ ကလီဗန်တေးနဲ့အတူ စပိန်လာလီဂါကို တန်းတက်ခွင့် ဗိုလ်လုပွဲမှာ ရှုံးနိမ့်ပြီးနောက် စာချုပ်သက်တမ်း မတိုးတော့ဘဲ ၂၁ နှစ်ကြာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကနေ အနားယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဆိုဒါလ်ဒိုက "မင်းတို့ကို တခုပြောပြမယ်။ ငါ့ရဲ့ ၂၁ နှစ်အကြာ ကစားသမားဘဝကို ကုန်ဆုံးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီလောက် ကစားသမားဘဝကြာရှည်ခံလိုက်မယ်လို့ငါမထင်ထားပါဘူး။ မိသားစု၊ သူငယ်ချင်း၊ နည်းပြတွေနဲ့ ပရိသတ်တွေ ငါ့ရဲ့ကစားသမားဘဝမှာအရေးပါခဲ့သူတွေပါ။ အားလုံးကို နှုတ်ဆက်ပါတယ်" လို့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြခဲ့ပါတယ်။

ဆိုလ်ဒါဒိုဟာ ရီးရဲလ်မက်ဒရစ်လူငယ်အသင်း ရီးရဲလ်ကာဆီလာအသင်းမှာ ကစားသမားဘဝ စတင်ခဲ့ပြီး ရီးရဲလ်မက်ဒရစ်အသင်းကြီးဆီရောက်ကာ ပွဲထွက်ခွင့် မရတာကြောင့် ဗလင်စီယာကို ပြောင်းရွှေ့ခဲ့ပါတယ်။

ဆိုဒါဒိုလ်ဟာ ဗလင်စီယာအသင်းကနေ စပါးအသင်းကို စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ပြောင်းရွှေ့ခဲ့ပြီးနောက် စပါးအသင်းမှာ ၇၆ ပွဲကစား ၁၆ ဂိုးသွင်းခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ ဗီလာရီရဲလ်အသင်းကို ပြောင်းရွှေ့ ခဲ့ပါတယ်။

ဆိုဒါဒိုလ်ဟာ ရီရဲလ်မက်ဒရစ်၊ စပါးအပါအဝင် အသင်း ၉ သင်းမှာ ၆၀၁ ပွဲကစား၊ ၂၁၅ ဂိုးသွင်းယူကာ လာလီဂါဖလားဆွတ်ခူးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013