အင်္ဂလန်လက်ရွေးစင်အသင်းခေါင်းဆောင် ဟယ်ရီကိန်းဟာ ဘိုင်ယန်မြူးနစ်အသင်းဆီကို ပြောင်းရွှေ့ဖို့ သူ့ကိုယ်ပိုင်ငွေထဲကနေ ပေါင်သန်း ၂၀ ဝန်းကျင် စိုက်ထုတ်ကျခံသွားဖို့ ဆန္ဒရှိနေပါတယ်။
ဘိုင်ယန်အသင်းဟာ တတိယအကြိမ်မြောက်အဖြစ် ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၈၅ သန်းနဲ့ ကမ်းလှမ်းခဲ့ပေမဲ့ စပါးအသင်းက ပယ်ချခဲ့ပြီး ဟယ်ရီကိန်းကို အနည်းဆုံး ပေါင်သန်း ၁၀၀ ရရှိမှ လက်လွှတ်ဖွယ်ရှိနေပါတယ်။
စပါးအသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်ကျန်သေးတဲ့ ဟယ်ရီကိန်းဟာ သူ့တစ်နှစ်လစာ ပမာဏ ပေါင် ၂၀ ဒသမ ၆ သန်းဝန်းကျင်ကို စိုက်ထုတ်ပြီး မိခင်ကလပ် စပါးအသင်း အလိုရှိတဲ့ ပြောင်းရွှေ့ကြေး ပမာဏရရှိအောင် ကျခံပေးဖွယ်ရှိကြောင်း ဂျာမန်သတင်းစာတစ်စောင်က ဖော်ပြပါတယ်။
ဟယ်ရီကိန်း အသင်းကနေ ထွက်ခွာခဲ့ရင် ပြန်လည်အစားထိုးမှုတွေ ပြုလုပ်သွားဖို့လည်း ပြင်ဆင်ထားတယ်လို့ စပါးအသင်းက ဆိုပါတယ်။
ဘိုင်ယန်အသင်းသမိုင်းတလျှောက် ကလပ်စံချိန်တင်ကြေးဟာ ၂၀၁၉ ခုနှစ်က အက်သလက်တီကိုအသင်းမှ ပြင်သစ်နောက်ခံလူ လူးကပ်စ်ဟာနန်ဒက်ဇ်ကို ပေါင် ၆၈ သန်းနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။
Source-Reuters










