ဘိုင်ယန်မြူးနစ်အသင်းဟာ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းအတွက် ပေါင် ၈၅ သန်းအထိ တိုးမြှင့်ကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်။
အသင်းရဲ့အမှုဆောင်အရာရှိချုပ်တွေဖြစ်တဲ့ ဒရက်ဆန်နဲ့ မာကိုနက်ပီတို့ဟာ ပြီးခဲ့တဲ့တနင်္လာနေ့က စပါးအသင်းဥက္ကဋ္ဌ လီဗိုင်းနဲ့ လန်ဒန်မြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
အဲဒီလိုဆွေးနွေးခဲ့ပြီးနောက် ဘိုင်ယန်အသင်းက ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးအဖြစ် ပေါင် ၈၅ သန်းအထိ ပေးချေဖို့ ကမ်းလှမ်းသွားမယ်လို့သိရပါတယ်။
စပါးအသင်းဘက်က ပေါင်သန်း ၁၀၀ အထိ အလိုရှိနေပေမဲ့ ပေါင်သန်း ၉၀ ဝန်းကျင်ရရှိမယ်ဆိုရင် လက်ခံစဉ်းစားနိုင်တယ်လို့ ဒေးလီးမေးလ်က ဖော်ပြပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ ပြင်သစ်နောက်ခံလူ လူးကပ်ဟာ နန်ဒက်ဇ်ကို ပေါင် ၆၈ သန်းနဲ့ ခေါ်ယူခဲ့တာက ပြောင်းရွှေ့ကြေးအမြင့်ဆုံးဖြစ်ခဲ့ပြီး ဟယ်ရီကိန်းကို ပေါင် ၈၅ သန်းနဲ့ ခေါ်ယူနိုင်မယ်ဆိုရင် ကလပ်အသင်းရဲ့ ပြောင်းရွှေ့ကြေးအများဆုံး ကစားသမားဖြစ်လာမှာ ဖြစ်ပါတယ်။










