DVB Logo
Home
အားကစား
 ဟွိုက်လန်းဟာ ခြေစွမ်းတိုးတက်လာတဲ့သူဖြစ်ကြောင်း ဒိန်းမတ်အသင်းဖော် အဲရစ်ဆင်ချီးကျူး
DVB
·
August 1, 2023
 ဟွိုက်လန်းဟာ ခြေစွမ်းတိုးတက်လာတဲ့သူဖြစ်ကြောင်း ဒိန်းမတ်အသင်းဖော် အဲရစ်ဆင်ချီးကျူး
Donate to DVB

 

တိုက်စစ်မှူး ဟွိုက်လန်းဟာခြေစွမ်းတိုးတက်လာတဲ့သူဖြစ်ကြောင်း ဒိန်းမတ်အသင်းဖော်ဖြစ်သူ မန်ယူကွင်းလယ်ကစားသမား အဲရစ်ဆင်ကချီးကျူးသွားပါတယ်။

အသက် ၂၀ ရှိဒိန်းမတ်တိုက်စစ်မှူးဟာ အီတလီကလပ် အက်တလန်တာအသင်းကနေ ပေါင် ၇၂ သန်းနဲ့ မန်ယူအသင်းဆီပြောင်းရွှေ့ဖို့ သဘောတူညီမူရရှိထားတာပါ။

အဲရစ်ဆင်ဟာ ဒိန်းမတ်လက်ရွေးစင်အသင်းမှာ ဟွိုက်လန်းနဲ့အတူ တွဲဖက်ကစားနေသူပါ။ အက်တလန်တာအသင်းရဲ့ပွဲစဉ်တွေ သိပ်မကြည့်ဖူးပေမဲ့ နိုင်ငံအသင်းမှာ မြင်တွေ့ရသမျှကတော့ ခြေစွမ်းတိုးတက်လာတဲ့ ကစားသမားဖြစ်ကြောင်း အဲရစ်ဆင်ကပြောပါတယ်။

ဒိန်းမတ်နိုင်ငံမှာ မီဒီယာအားမကောင်းတာကြောင့် ဟွိုက်လန်းရဲ့အကြောင်းကို တခြားနိုင်ငံကပရိသတ်တွေ သိရှိမှုအားနည်းကြောင်း၊ ဟွိုက်လန်းက ကောင်းမွန်တဲ့ နံပါတ် ၉ တိုက်စစ်မှူးဖြစ်ကြောင်း အဲရစ်ဆင်က ချီးကျူးသွားခဲ့ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013