DVB Logo
Home
မြန်မာသတင်း
ထိုင်းရောက်မြန်မာလူနာ ၁ ဦးအား ပရောဂဆရာက မကောင်းဆိုးဝါးရိုက်နှက်မောင်းထုတ်စဉ်   သေဆုံး 
DVB
·
July 31, 2023
ထိုင်းရောက်မြန်မာလူနာ ၁ ဦးအား ပရောဂဆရာက မကောင်းဆိုးဝါးရိုက်နှက်မောင်းထုတ်စဉ်   သေဆုံး 
Donate to DVB

ထိုင်းနိုင်ငံအနောကိပိုင်း ပရကျုပ်ခီရီခန်ခရိုင် ဘန်စဖန်းနွဲ့မြို့နယ်ထဲမှာ နေမကောင်းတဲ့ မြန်မာအမျိုးသမီး ၁ ဦးအား  ပရောဂဆရာက ကြိမ်လုံးနဲ့ မကောင်းဆိုးဝါးရိုက်နှက် မောင်းထုတ် ရာက နာကျဉ်မှုဒဏ်မခံနိုင်ဘဲ သေဆုံးသွားခဲ့တယ်လို့  ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။

အသက် ၅၉ နှစ်ရွယ် ဒေါ်နှင်းနွယ်ဆိုသူ မြန်မာအမျိုးသမီး ၁ ဦးဟာ နေထိုင်မကောင်းဖြစ်ပြီး  ကျန်းမာရေးဆေးခန်းသွားပြခဲ့ကြောင်း၊ ဆေးခန်းမှာ မသက်သာလို့  အသိတွေ အကြံပေးချက်အရ ဦးထွန်းစိန်ဆိုသူ ပရောဂဆရာဆီ သွားကုသခဲ့တယ်လို့ မိသားစုဝင်တွေက သတင်းထောက်တွေကို ပြောပါတယ်။ 

ဒေါ်နှင်းနွယ်ကို ဇူလိုင်လ ၂၄ ရက်နေ့မှာ ပရောဂဆရာထံ ခေါ်ပြပြီး ဆရာက သူ့ကိုယ်ထဲမှာ မကောင်းဆိုးရွားသရဲတွေ ဝင်နေတာဖြစ်တယ်၊ ကန်တော့ပွဲပြင်ပြီး  ၃ ရက်အတွင်း မောင်းထုတ် ပေးမယ် လာတော့မကြည့်နဲ့လို့ ပြောတယ်လို့ ဆိုပါတယ်။ 

အဲဒီနေ့ကစပြီး လူနာဟာ နေ့စဉ်ရိုက်နှက်ခံရကြောင်း၊ သမီးဖြစ်သူကတော့ ဗွီဒီယိုခိုး ရိုက်ထားကြောင်း၊ ဇူလိုင် ၁၅ မှာ ညနေ ၄ နာရီကနေ စတင်ရိုက်နှက်ပြီး ၃ နာရီခန့်အကြာ (ည ၇ နာရီ) မှာ လူနာဟာ အသက်ဆုံးပါးသွားခဲ့ရတယ်လို့ ဆိုပါတယ်။ 

လူနာသေသွားတော့ ပရောဂဆရာက မိသားစုဆီဆက်သွယ်ပြီး အလောင်းကို အမြန်ဆုံး သင်္ဂြိုဟ်ပစ်ဖို့၊ ရဲကိုမတိုင်ဖို့ ပြောခဲ့တယ်လို့ ဆိုပါတယ်။

၂၆ ရက်နေ့မနက် အလောင်းကို သင်္ဂြိဟ်ဖိုပြင်စဉ် ရဲတွေရောက်လာပြီး အလောင်းကို စစ်ဆေးရာမှာ တကိုယ်လုံးညိုမည်းနေတာတွေ့ရကြောင်း၊ လိုအပ်သလို ဆက်လက်စစ်ဆေးဖို့ ဆေးရုံကို ပို့လိုက်ပြီး ပယောဂကုဆရာ ဦးထွန်းစိန်ကိုလည်း လူ့အသက်သေဆုံးသည်အထိ ရိုက်နှက်မှုနဲ့  အမှုဖွင့် အရေးယူထားတယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ ပါတ်သက်ပြီး  AAC မြန်မာအလုပ်သမားကူညီရေးမဟာမိတ်အဖွဲ့ ဒါရိုက်တာ ဦးခိုင်ကြီးက မြန်မာအမျိုးသမီး ၁ ဦး ပယောဂဆရာရဲ့ ရိုက်နှက်မှုကြောင့် သေဆုံးသွားတယ်ဆိုပြီး ဗွီဒီယိုဖိုင်နဲ့တကွ လှမ်းပြီးတိုင်ကြားလာလို့   တရားဥပဒေဘောင်မှဖြေရှင်းရေး လိုက်လံဆောင်ရွက် ပေးခဲ့တယ်လို့ ဒီဗွီဘီကို ပြောပါတယ်။ 

“ကျနော်တို့အဖွဲ့သားတွေ အဲဒီကိုရောက်သွားတော့ မိသားစုဝင်တွေက ရဲတွေဘာတွေနဲ့ အမှုအခင်း မပတ်သက်ချင်ဘူး။ ပရောဂဆရာက အခမဲ့ကုပေးပြီး လာတောင်းပန်ပြီးပြီလို့ ပြောပေမယ့် ကျနော်တို့က ထိုင်းမှာ လူသေတဲ့ကိစ္စ သက်ဆိုင်ရာကို အကြောင်းမကြားရင် မရဘူးဆိုပြီး အလောင်းကို စစ်ဆေးပေးဖို့ ရဲကို သွားအကြောင်းကြားပေးခဲ့တယ်။”  

သေဆုံးသူမှာ ထားဝယ်ဇာတိဖြစ်ပြီး မိသားစုလိုက် ထိုင်းကိုပြောင်းလာကာ ခြံအလုပ်တွေ လုပ်နေတာလို့ဆိုပါတယ်။ သူတို့နေတဲ့ရွာက အနည်းငယ်ခေါင်ခိုက်ပြီး ရှေးရိုးစွဲအယူအဆတွေ ရှိ တယ်လို့  AAC က ပြောသွားပါတယ်။ 

source- thaich8.com

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013