DVB Logo
Home
မြန်မာသတင်း
ရှမ်း-ကယားနယ်စပ်တွင် စစ်ကောင်စီက အင်အားအများအပြား ဖြည့်တင်းနေ
DVB
·
July 28, 2023
ရှမ်း-ကယားနယ်စပ်တွင် စစ်ကောင်စီက အင်အားအများအပြား ဖြည့်တင်းနေ
Donate to DVB

ကရင်နီ(ကယား) ပြည်နေရာအနှံ့နဲ့ ရှမ်း-ကယားနယ်စပ် ဒေသတွေမှာ တိုက်ပွဲတွေ ပြင်းထန်ဆက်ဖြစ်နေသလို စစ်ကောင်စီဘက်ကလည်း အင်အားအလုံးအရင်းနဲ့ စစ်အင်အား ဖြည့်တင်းနေတယ်လို့  ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) က ပြောပါတယ်။

ကရင်နီပြည်မှာ စစ်ကောင်စီက နယ်မြေခံတပ်ရင်းတွေအပြင် တပ်မ ၆၆၊ တပ်မ ၉၉၊ စကခ ၂၊ စကခ ၇ နဲ့ တပ်မ ၁၀၁ စတဲ့ တပ်မတွေကိုသုံးပြီး ထိုးစစ်ဆင်နေတာအပြင် လေကြောင်းကနေပါ ဗုံးကြဲပစ်ခတ်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

လတ်တလောမှာ စစ်ကောင်စီဘက်က မြေပြင်အင်အားတွေအပြင် ရေကြောင်းရော လေကြောင်းကနေပါ အင်အားဖြည့်နေတာတွေ ရှိတယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ရဲ့ သတင်းနဲ့ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။

“လက်ရှိ စစ်ကောင်စီတပ်က အင်အားဖြည့်တင်းတာတွေ လုပ်နေပါတယ်။ ရှမ်း-ကယား နယ်စပ်မှာပေါ့။ ပင်လောင်းမြို့ဘက်ကနေ ကားအစီးရေ ၇၀ ကျော်နဲ့ အင်အားဖြည့်နေတယ်။ ဖယ်ခုံ-လွိုင်ကော် လမ်းမကြီးပေါ်မှာလည်း ထိတွေ့တိုက်ပွဲတွေ ဖြစ်နေတယ်။ နောက်တခုကတော့ မယ်စဲ့မြို့နယ်ဘက်မှာပေါ့၊ BGF စခန်းရှိတဲ့ ၁၀၀၅ စခန်းရှိတဲ့ ပန်တိန်းကျေးရွာမှာလည်း စစ်ကောင်စီတပ်တွေ ရှိနေတယ်။ အဲဒီမှာလည်း ထိတွေ့တိုက်ပွဲတွေ ရှိနေတယ်။ အဲဒီဘက်မှာလည်း ရဟတ်ယာဉ်တွေနဲ့ အင်အားဖြည့်တင်းနေတာတွေ ကျနော်တို့ တွေ့နေရပါတယ်။ နောက် ရှမ်းနဲ့ ကရင်နီနယ်စပ်ဖြစ်တဲ့ သံလွင်ရေကြောင်းအတိုင်း စစ်ကောင်စီရေတပ်ဘက်က အင်အားဖြည့်တင်းနေတာတွေကို ကျနော်တို့ တွေ့နေပါတယ်။”

အခုလို အင်အားဖြည့်တင်းနေတာတွေကြောင့် အချိန်မရွေး နေရာမရွေး တိုက်ပွဲတွေ ပြင်းထန်လာနိုင်တဲ့အတွက် ကရင်နီပူးပေါင်းတပ်ဖွဲ့တွေအနေနဲ့ ပြည်သူလူထုကို သတိနဲ့ သွားလာကြဖို့ကိုလည်း တိုက်တွန်းပြောဆိုထားပါတယ်။

ဒါ့အပြင် တိုက်ပွဲတွေမှာ လိုအပ်တဲ့ မောင်းပြန်သေနတ်အတွက် “မောင်း ၁၀၀” ကမ်ပိန်းမှာ ပြည်သူတွေ ပါဝင်ပေးကြဖို့ကိုလည်း အလယ်ပိုင်းတိုင်း ၁၀၀၇ တပ်ရင်း၊ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်၊ တပ်ရင်း-၂ က တပ်ရင်းမှူး ဂျေခမ်းက တိုက်တွန်းပြောပါတယ်။

“ရန်သူက နှစ်ပေါင်း ၇၀ ကျော်လောက် ပြည်သူ့ဘဏ္ဍာရေးကို ယူသုံးလာခဲ့တဲ့ စစ်တပ် ဖြစ်တဲ့အတွက်ကြောင့် တကယ့်ခေတ်မီလက်နက်တွေ သုံးပြီး တိုက်နေတာဆိုတော့ ကျနော်တို့ဘက်ကလည်း အနည်းဆုံးတော့ မောင်းပြန်လက်နက်တွေ လိုလာတဲ့ အနေအထားတွေ ဖြစ်ပါတယ်။ အဓိက ဒီ ဖယ်ခုံမြို့နယ်က နေပြည်တော်နဲ့ အရမ်းနီးနေတာ ဖြစ်တဲ့အတွက်ကြောင့် ရန်သူက အချိန်မရွေး ထိုးစစ်ဆင်နိုင်တဲ့ အနေအထားလည်း ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒီအရေးပါတဲ့ မောင်းပြန်သေနတ်ကို အထူးလိုအပ်ပါတယ်။”

ပြီးခဲ့တဲ့ ၂၃ ရက်က စစ်ကောင်စီက ရှမ်း-ကရင်နီ-ကရင်ပြည်အစပ် သံတောင်ကြီးမြို့နယ် ယာဒိုဒေသက အရပ်သားပြည်သူတွေရှိတဲ့ ကျေးရွာတွေကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

လက်ရှိမှာတော့ မိုးဗြဲ-လွိုင်ကော်ဘက်တွေမှာ တိုက်ပွဲ ကွက်ကြားဖြစ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013