DVB Logo
Home
နိုင်ငံတကာ
ဆီးရီးယားမြို့တော်၌ ကားဗုံးပေါက်ကွဲပြီး လူအများအပြားသေဆုံး
DVB
·
July 28, 2023
ဆီးရီးယားမြို့တော်၌ ကားဗုံးပေါက်ကွဲပြီး လူအများအပြားသေဆုံး
Donate to DVB

ဆီးရီးယားမြို့တော် ဒမတ်စကတ်တောင်ဘက်ရှိ ဆာယေဒါ ဇိုင်နဘ် နတ်ကွန်းရဲ့ အပြင်ဘက်မှာ ဇူလိုင် ၂၇ ရက်က ဗုံးထောင်ထားတဲ့ယာဉ်တစီး ပေါက်ကွဲခဲ့လို့ လူအများအပြား သေဆုံးပြီး တခြားသူတွေ ဒဏ်ရာရခဲ့တယ်လို့ ဆီးရီးယား နိုင်ငံပိုင်မီဒီယာက ဖော်ပြပါတယ်။

ဒေသစံတော်ချိန် ညနေ ၅ နာရီခွဲ ဝန်းကျင်မှာ ကျယ်လောင်တဲ့ ပေါက်ကွဲသံကို ကြားလိုက်ရပြီး အဲဒီနောက်မှာတော့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အဲဒီနေရာကို ပိတ်ထားလိုက်တယ်လို့ မြို့ခံတဦးက ရိုက်တာကို ပြောပါတယ်။

ဒါဟာ ဘုရားကျောင်းမှာ ဒီသီတင်းပတ်အတွင်း ဒုတိယအကြိမ် တိုက်ခိုက်မှုဖြစ်ပြီး အင်္ဂါနေ့ကလည်း သီးခြား ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့လို့ လူ ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။

ရှီးယိုက်မွတ်စလင်တွေရဲ့ သမိုင်းဝင် အာဇာနည်ကို အောက်မေ့ဂုဏ်ပြုကြတဲ့ အာရှူရာ အထိမ်းအမှတ်ကာလမို့ နတ်ကွန်းမှာ လူစုဝေးမှု မြင့်နေချိန်လည်း ဖြစ်ပါတယ်။

ကြာသပတေးနေ့ တိုက်ခိုက်မှုအတွက် ဘယ်သူ့မှာ တာဝန်ရှိကြောင်းကို ချက်ချင်း ထုတ်ဖော်ပြောဆိုတာ မရှိပါဘူး။

အဲဒီနေရာမှာ အရင်က တိုက်ခိုက်မှုတွေကိုတော့ အစ္စလာမ္မစ်နိုင်ငံတော်အဖွဲ့က တာဝန်ခံ ပြောဆိုခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်အတွင်း တိုက်ခိုက်မှုတခုမှာ လူ ၄၀ ထက်မနည်း သေဆုံးခဲ့ပါတယ်။

Source - Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013