အာဂျင်တီးနာကြယ်ပွင့်ကစားသမား ဘာကို ကို ချဲလ်ဆီး ခေါ်ယူ
DVB
·
May 23, 2026

ချဲလ်ဆီးအသင်းဟာ သူတို့ရဲ့ ညီအစ်မအသင်းဖြစ်တဲ့ စထရက်ဘိုးဂ်အသင်းကနေ ဘရိုက်တန် နောက်ခံ လူဟောင်း ဗလန်တိုင်းဘာကို ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပါတယ်။
အသက် ၂၁ နှစ်အရွယ် အာဂျင်တီးနားလက်ရွေးစင် ကစားသမားဟာ လီဂူးဝမ်းပြိုင်ပွဲမှာ အလွန်ခြေစွမ်း ပြခဲ့ပြီးနောက် ချဲလ်ဆီးအသင်းနဲ့ ၆ နှစ်သက်တမ်းရှိ စာချုပ်ချုပ်ဆိုဖို့ ရှိနေပါတယ်။
ဒါဟာ BlueCo ကုမ္ပဏီပိုင် အသင်း ၂ သင်းကြား ပြီးခဲ့တဲ့ရာသီကတည်းက ရေတွက်ရင် ၁၃ ခု မြောက် ကစားသမား အပြောင်းအရွှေ့ သဘောတူညီမှုလည်း ဖြစ်လာပါတယ်။
Photo:Reuters











