DVB Logo
Home
အားကစား
ကွင်းလယ်လူ ဟန်ဒါဆန် ဆော်ဒီကလပ် အယ်လ်အစ်တီဖက်နှင့် လေ့ကျင့်ခန်းစတင်
DVB
·
July 27, 2023
ကွင်းလယ်လူ ဟန်ဒါဆန် ဆော်ဒီကလပ် အယ်လ်အစ်တီဖက်နှင့် လေ့ကျင့်ခန်းစတင်
Donate to DVB

အင်္ဂလန်နဲ့ လီဗာပူး ကွင်းလယ်လူ ဂျော်ဒန်ဟန်ဒါဆန်ဟာ ဆော်ဒီကလပ် အယ်လ်အစ်တီဖက်အသင်းနဲ့ လေ့ကျင့်ခန်း စတင်ပြုလုပ်ခဲ့ပါတယ်။

ဇူလိုင် ၂၆ ရက်အထိ အပြောင်းအရွှေ့ တရားဝင် ထုတ်ပြန်ကြေညာခြင်းမပြုခဲ့ပေမဲ့ အသင်းနဲ့အတူ လေ့ကျင့်ခန်းလုပ်ဆောင်နေတဲ့ ဟန်ဒါဆန်ရဲ့ ပုံရိပ်တွေက ဆိုရှယ်မီဒီယာတွေမှာ ဖော်ပြလာခဲ့တာပါ။

ဟန်ဒါဆန်ဟာ လီဗာပူးအသင်းလူစာရင်းကနေ ပြီးခဲ့တဲ့ရက်ပိုင်းကတည်း နုတ်ထွက်ခဲ့တာပါ။ လီဗာပူးအသင်းကို ပြောင်းရွှေ့ကြေးပေါင် ၁၂ သန်းပေးချေမှာဖြစ်ပြီး ဟန်ဒါဆန်အနေနဲ့ တစ်ပတ်လုပ်ခပေါင် ၇ သိန်းအထိ ရရှိမှာဖြစ်တယ်လို့သိရပါတယ်။

အသက် ၃၃ နှစ်ရှိ အင်္ဂလန်ကွင်းလယ်ကစားသမားဟာ လီဗာပူးမှာ ၁၂ နှစ် ကြာကစားခဲ့သူဖြစ်ပြီး စုစုပေါင်း ပွဲ ၅၀၀ လောက် ကစားပေးခဲ့ပါတယ်။

ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ဆုဖလားတွေအပြင် အောင်မြင်မူတွေရယူ ပေးနိုင်ခဲ့သူပါ။ အယ်လ်အစ်တီဖက်အသင်းမှာ အသင်းဖော်ဟောင်းဖြစ်သူ စတီဗင်ဂျရတ်က နည်းပြချုပ်အဖြစ် တာဝန်ယူနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013