DVB Logo
Home
နိုင်ငံတကာ
ဂရမ်မီဆုများရှင် အမေရိကန်အဆိုတော်ကြီး တိုနီဘန်းနတ်ကွယ်လွန်
DVB
·
July 22, 2023
ဂရမ်မီဆုများရှင် အမေရိကန်အဆိုတော်ကြီး တိုနီဘန်းနတ်ကွယ်လွန်
Donate to DVB

အမေရိကန် လွမ်းတေး အဆိုတော်ကြီး တိုနီ ဘန်းနတ် ဟာ အသက် ၉၆ နှစ်အရွယ်မှာ ကွယ်လွန်သွားပြီဖြစ်တယ်လို့ ဇူလိုင်လ ၂၁ရက် သောကြာနေ့က အေပီသတင်းဌာနမှာ ဖော်ပြခဲ့ပါတယ်။ 

"I Left My Heart in San Francisco" အမည်ရ သီချင်းနဲ့အတူ ၁၉၅ဝ ပြည့်နှစ်တွေမှာ အောင်မြင်ကျော် ကြားခဲ့တဲ့ ဘန်းနတ် ဟာ တသက်တာ အောင်မြင်မှုဆု အပါအဝင် ဂရမ်မီဆုပေါင်း ၂၀ အထိ သိမ်းပိုက်နိုင်ခဲ့သူပါ။ 

ဘန်းနတ် ဟာ အသက်အရွယ်ကြီးမြင့်လာတာနဲ့အမျှ သီချင်းပူပေါင်းဖန်တီးရာမှာလည်း ဆန်းသစ်လာခဲ့ပါတယ်။ 

၂၀၁၄ ခုနှစ်တုန်းက အသက် ၉၀ နီးပါး အရွယ်ရှိပြီဖြစ်တဲ့ ဘန်းနတ် ဟာ လေဒီဂါဂါနဲ့တွဲဖက်ပြီး အယ်လ်ဘမ်တခု သီဆိုခဲ့ဖူးသလို ၂၀၁၅ ခုနှစ်မှာလည်း ဒီခေတ်ပေါ်အဆိုတော်နဲ့အတူ ကမ္ဘာ့လှည့်ဖျော်ဖြေနိုင်တဲ့အထိ အောင်မြင်ခဲ့ပါတယ်။ 

ဒါ့အပြင် ဘန်းနတ်ရဲ့  လူသိများထင်ရှားတဲ့ အတွဲခွေတွေထဲမှာ ဘီးတဲလ်(Beatle) အဖွဲ့ဝင်ဟောင်း ပေါလ် မက်ကာနေး၊ ဆိုးလ်(Soul)ဂီတရဲ့ ဘုရင်မဖြစ်သူ အရီသာ ဖရန့် ကလင်၊ ကန်းထရီးအဆိုကျော် ဝီလီ နယ်လ်ဆင် နဲ့ ယူတူး(U2)အဖွဲ့က ဘွန်နို တို့အထိ ပါဝင်ခဲ့ပါတယ်။ 

၂၀၂၁ ခုနှစ် အစောပိုင်းမှာတော့ ဘန်းနတ် ဟာ အယ်လ်ဇိုင်းမား ရောဂါကို ၂၀၁၆ ခုနှစ်ကတည်းက ခံစားနေရတာ ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ 

ဘန်းနတ်ရဲ့ ဒီရောဂါကိုရှာဖွေ့တွေ့ရှိခဲ့ပြီးနောက် သီချင်းတွေဆက်သွင်းနေခဲ့တဲ့အပြင် "အယ်လ်ဇိုင်းမား ရှိနေပေမယ့်လည်း ဘဝဟာဆုလာဘ်တခု" ပဲဖြစ်တယ်လို့ တွစ်တာပေါ်မှာ ရေးသားခဲ့ပါသေးတယ်။

Source-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013