DVB Logo
Home
မြန်မာသတင်း
မလေးရှားတွင် ကုန်သင်္ဘောနစ်မြုပ်ပြီး မြန်မာ ၄ ဦး အပါအဝင် ၉ ဦးပျောက်ဆုံးနေ
DVB
·
July 21, 2023
မလေးရှားတွင် ကုန်သင်္ဘောနစ်မြုပ်ပြီး မြန်မာ ၄ ဦး အပါအဝင် ၉ ဦးပျောက်ဆုံးနေ
Donate to DVB

မလေးရှားနိုင်ငံ၊ ဆူဘူယာအူရေပြင်မှာ ဇူလိုင် ၂၀ ရက်က ကုန်တင်သင်္ဘောတစီး တိမ်းမှောက်နစ်မြုပ်ပြီး မြန်မာနိုင်ငံသား ၄ ဦး အပါအဝင် ၉ ဦး ပျောက်​ဆုံးနေတယ်လို့ အာဏာပိုင်တွေရဲ့ ပြောဆိုချက်ကို ကားကားပြီး စင်ကာပူအခြေစိုက် The Straits Times  သတင်းစာမှာ ဖော်ပြပါတယ်။

ကျောက်စရစ်တင်ဆောင်လာတဲ့ ကုန်သင်္ဘောဟာ ကူချီမှ ဆူရီကိုင်းကို သွားရောက်စဥ် ဆူဘူယာအူရေပြင်မှာ တိမ်းမှောက်သွားခဲ့တာဖြစ်ပြီး မလေးရှားရေကြောင်းလှည့် သင်္ဘော ၂ စီးနဲ့ ရှာဖွေနေပါတယ်။

မလေးရှား ရေကြောင်းထိန်းသိမ်းရေး အေဂျင်စီရဲ့ ရေတပ်ဗိုလ်ချုပ် ဇင်အက်ဇ်မန်က ပျောက်ဆုံးသင်္ဘောသားတွေမှာ မလေးရှားနိုင်ငံသား ၄ ဦး၊ မြန်မာနိုင်ငံသား ၄ ဦးနဲ့ အင်ဒိုနီရှားနိုင်ငံသား ၁ ဦးတို့ဖြစ်ပြီး အသက် ၂၀ မှ ၅၂ နှစ်ကြား ရှိတယ်လို့ ပြောပါတယ်။

​ပျောက်ဆုံးသွားတဲ့ မြန်မာနိုင်ငံသား ၄ ဦးကတော့  မင်းဇူလှိုင်၊ ရဲလင်းထက်၊ လှဝင်းထွန်းနဲ့ ထွန်းလင်းဦး တို့ ဖြစ်ကြပါတယ်။

ပျောက်ဆုံးနေတဲ့ သင်္ဘောသား ၉ ဦး ရှာဖွေကယ်​ဆယ်ရေး လုပ်ငန်းတွေကို ဇူလိုင် ၂၁ ရက် မနက် ၈ နာရီကစပြီး ပူလာအူဘူရန် အနီးတဝိုက်ကနေ တန်ဂျင်ပိုအထိ ပြုလုပ်နေပါတယ်။

ကုန်တင်သင်္ဘော မတိမ်းမှောက်မီ ကုန်တင်သင်္ဘောပိုင်ရှင်ထံက ဒုက္ခရောက်နေတဲ့ ဖုန်းခေါ်ဆိုမှုတခုကို လက်ခံရရှိခဲ့တယ်လို့ ဗိုလ်ချုပ်အက်ဇ်မန်က ပြောပါတယ်။

ဒီနေ့မွန်းလွဲ ၂ နာရီမှာ ဗိုလ်ချုပ်အက်ဇ်မန်က ဆူဘူယာအူရေ​ဆိပ်ခံတံတားမှာ သင်္ဘောတိမ်းမှောက် နစ်မြုပ်မှုကို ကယ်ဆယ်ရေးလုပ်ငန်းတွေ ပြုလုပ်တာနဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

source. The Straits Times

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013