DVB Logo
Home
နိုင်ငံတကာ
ဟောင်ကောင်မင်းသားရောက်ချိန် ခရီးသည်များကိုဂရုမစိုက်သည့် ထိုင်းလဝက ၉ ဦး အရေးယူခံရ
DVB
·
July 21, 2023
ဟောင်ကောင်မင်းသားရောက်ချိန် ခရီးသည်များကိုဂရုမစိုက်သည့် ထိုင်းလဝက ၉ ဦး အရေးယူခံရ
Donate to DVB

ဟောင်ကောင်က နာမည်ကြီးအဆိုတော်ရုပ်ရှင်သရုပ်ဆောင် Jackson Wang ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ထိုင်းနိုင်ငံကို အလည်အပတ်ရောက်ရှိလာခဲ့ပါတယ်။ 

သူဟာ သုဝဏ္ဏဘုမိနိုင်ငံတကာလေဆိပ်ကို ရောက်လာစဉ် ထိုင်းမှာရှိတဲ့ ပရိသတ်တွေက အုံနဲ့ကျင်းနဲ့သွားရောက်ကြိုဆိုပြီး လေဆိပ်တခုလုံး အုတ်အော်သောင်းတင်းဖြစ်သွားခဲ့ပါတယ်။ 

အဲဒါကြောင့် အခြားခရီးသည်တွေဟာ လဝကမှာ အဝင်တံဆိပ်တုံးထုဖို့အတွက် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရလို့ ခရီးဖင့်ခဲ့ပါတယ်။ 

လဝကရဲဝန်ထမ်းတချို့ဟာ ခရီးသည်တွေအဆင်ပြေအောင် ဝန်ဆောင်မှုမပေးဘဲ ဂျက်ဆန်ရဲ့ အနီးပတ်ပတ်လည်မှာ လမ်းရှင်းဝန်ဆောင်မှုပေးနေလို့ ခရီးသည်အချို့က မကျေနပ်ဘဲ လေဆိပ်လဝကရုံးကို သွားရောက်တိုင်တန်းခဲ့ပါတယ်။ 

တာဝန်ရှိသူတွေက စီစီကင်မရာနဲ့စစ်ဆေးရာမှာ အမှန်တကယ်ဘဲ အဆိုပါလဝကရဲတွေဟာ ဂျက်ဆန်အနီးမှာ ရှိနေကြလို့ လေဆိပ်စည်းစနစ်ကျစေဖို့အတွက် တာဝန်ရှိ လဝက ရဲဝန်ထမ်း ၉ ဦးကို လေဆိပ်ကနေ အခြားရဲစခန်းကို ရွှေ့ပြောင်းဖို့ အရေးယူလိုက်ကြောင်း  ဇူလိုင် ၂၀ ရက် နေ့စွဲနဲ့ ထုတ်ပြန်ထားပါတယ်။ 

အရေးယူခံရတဲ့ ရဲဝန်ထမ်း ၉ ဦးမှာ ဒုရဲအုပ် ၁ ဦး၊ ရဲတပ်ကြပ်ကြီး ၆ ဦးနဲ့ ရဲတပ်ကြပ် ၁ ဦးတို့ ပါဝင်ပါတယ်။  

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013