DVB Logo
Home
နိုင်ငံတကာ
Girls' Generation အဖွဲ့ဝင် အဆိုတော် တေးယွန်း စင်ကာပူ၌ ဖျော်ဖြေပွဲ ကျင်းပမည်
DVB
·
July 20, 2023
Girls' Generation အဖွဲ့ဝင် အဆိုတော် တေးယွန်း စင်ကာပူ၌ ဖျော်ဖြေပွဲ ကျင်းပမည်
Donate to DVB

K-pop မိန်းကလေးအဖွဲ့ Girls' Generation အဖွဲ့ဝင် အဆိုတော် တေးယွန်းဟာ The Odd Of Love ကမ္ဘာလှည့်ဖျော်ဖြေပွဲအတွက် ဩဂုတ် ၂၀ ရက်နေ့ စင်ကာပူမှာ ဖျော်ဖြေမယ်လို့ သူ့ရဲ့ တွစ်တာစာမျက်နှာကနေ ကြေညာခဲ့ပြီး နေရာနဲ့ လက်မှတ် အသေးစိတ်ကိုတော့ အတည်မပြုသေးပါဘူး။

အဆိုတော် တေးယွန်းဟာ ၂၀၂၀ ပြည့်နှစ်တုန်းက စင်ကာပူမှာဖျော်ဖြေဖို့ စီစဉ်ထားပေမဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါ အခြေအနေကြောင့် ဖျော်ဖြေပွဲကို ဖျက်သိမ်းခဲ့ရပါတယ်။

ဂန္ထဝင် K-pop မိန်းကလေးအဖွဲ့ Girls' Generation ဟာ ဖျော်ဖြေရေးခရီးစဉ်ကို ရောက်ရှိလာမှာတော့ မဟုတ်ပေမဲ့ ဩဂုတ် ၂၀ ရက်မှာတော့ စင်ကာပူက ပရိသတ်တွေဟာ အဖွဲ့ဝင် တေးယွန်းရဲ့ ဖျော်ဖြေပွဲကို ရှုစားနိုင်မှာ ဖြစ်ပါတယ်။

တေးယွန်း ကြေညာပြီး မိနစ်ပိုင်းအတွင်းမှာပဲ ဖျော်ဖြေပွဲ ပရိုမိုးရှင်းဖြစ်တဲ့ CK Star Entertainment က သူ့ရဲ့ပို့စ်ကို ပြန်တင်ခဲ့ပြီး “အသေးစိတ်အချက်အလက်တွေကို ဆက်လက်စောင့်မျှော်ကြည့်ရှုပါ!” လို့ ရေးသားခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ၂၀၂၀ ကမ္ဘာလှည့်ဖျော်ဖြေပွဲ The Unseen ကို ဖျက်သိမ်းပြီးနောက် တေးယွန်းရဲ့ လာမယ့်ရှိုးပွဲဟာ သူ့ရဲ့ပြန်လာမှုကို အမှတ်အသားပြုထားပါတယ်။

တေးယွန်းဟာ Into The New World သီချင်းနဲ့ ၂၀၀၇ ခုနှစ်မှာ Girls' Generation အဖွဲ့ဝင်အဖြစ် ပထမဆုံး ပွဲဦးထွက်ခဲ့ပြီး အဖွဲ့ဟာ Gee၊ Genie နဲ့ Hoot လို ရေပန်းစားတဲ့ သီချင်းတွေကို ဖြည်းဖြည်းချင်း ထုတ်လွှင့်ခဲ့ပြီး သူတို့ကိုယ်သူတို့ အအောင်မြင်ဆုံး အမျိုးသမီး K-pop အဖွဲ့တွေထဲက တခုအဖြစ် ထူထောင်ခဲ့ပါတယ်။

၂၀၁၅ ခုနှစ်မှာ တေးယွန်းဟာ တကိုယ်တော် ပွဲဦးထွက်တဲ့ ပထမဆုံး Girls' Generation အဖွဲ့ဝင် ဖြစ်လာခဲ့ကာ အဲ့ဒီအချိန်ကစပြီး သူဟာ တကိုယ်တော်အယ်လ်ဘမ်များစွာကို ထုတ်ဝေခဲ့ပြီး hosting ကို ခွဲထွက်ခဲ့ပါတယ်။

သူ့ရဲ့ နောက်ဆုံးထွက်သီချင်း INVU ဟာ တောင်ကိုရီးယား တေးဂီတဇယား အများအပြားမှာ ထိပ်ဆုံးက ရပ်တည်ခဲ့ပြီး ၂၀၂၂ ခုနှစ် MAMA ဆုပေးပွဲမှာ အကောင်းဆုံး Vocal Performance (Solo) ဆု ရရှိခဲ့ပါတယ်။

PHOTO - Girls' Generation

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013