DVB Logo
Home
မြန်မာသတင်း
အသတ်ခံရဟု သတင်းထွက်နေသည့် KySDP ပါတီဝင်ဟောင်း ဦးကျော်ကျော်ထွန်း၏ အလောင်း မတွေ့သေးဟု မိသားစု ပြော
DVB
·
July 20, 2023
အသတ်ခံရဟု သတင်းထွက်နေသည့် KySDP ပါတီဝင်ဟောင်း ဦးကျော်ကျော်ထွန်း၏ အလောင်း မတွေ့သေးဟု မိသားစု ပြော
Donate to DVB

ကရင်နီပြည်နယ် ဒီမိုကရက်တစ်ပါတီဝင်ဟောင်းလည်းဖြစ် ၂၀၂၀ ရွေးကောက်ပွဲတုန်းက မယ်စဲ့မြို့နယ် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ပြိုင်ခဲ့ဖူးတဲ့ ဦးကျော်ကျော်ထွန်း ဖမ်းဆီးသတ်ဖြတ်ခံရတယ်လို့ သတင်းထွက်ပေါ်နေပြီး အလောင်းတော့ မတွေ့ရသေးဘူးလို့ မိသားစုဝင်တွေက ဒီဗွီဘီကို ပြောပါတယ်။  

ဦး‌ကျော်ကျော်ထွန်းကို ပြီးခဲ့တဲ့ဇူလိုင် ၉ ရက်နေ့မှာ နောက်ဆုံးအဆက်အသွယ်ရပြီးနောက် သူ နေထိုင်တဲ့ မယ်စဲ့မြို့နယ် BP13 ကနေ ဖမ်းဆီးခေါ်ဆောင်ခံရပြီးနောက် အခုချိန်ထိ အဆက်သွယ်မရခဲ့တာလို့ မိသားစုဝင်တဦးက ပြောပါတယ်။ 

“အခု သေချာတော့စုံစမ်းနေတယ်။ သူ့ကို သူများက အဲလိုပဲ ဖမ်းခေါ်ပြီး သတ်ပစ်တယ်လို့ အဲလိုပဲ ကြားလို့လေ။ အဲဒီဘက်မှာ အဖွဲ့တွေက စစ်တပ်ကလွဲရင် ကျန်တာတွေပဲ ရှိတာ။ ကိုယ်ကလည်း သေသေချာချာလည်း မသိရ။ အဲဒါ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ဇူလိုင် ၉ ရက်နေ့က အဆက်အသွယ်ရသေးတယ်။  အခု သူ့ညီနဲ့အစ်ကိုတော့ အဲဘက် ဆင်းသွားကြပြီး လူကြီးတွေနဲ့ ပြန်သွားစုံစမ်းကြည့်မယ်သေချာ၊ ဒါပေမဲ့ သူ့ရဲ့အလောင်းကလည်း မတွေ့ရဘူးလေ။”

ဦးကျော်ကျော်ထွန်းရဲ့ ရုပ်လောင်းကို မတွေ့ရသေးပေမယ့် သေဆုံးသွားပြီလို့ ယူဆပြီး မနေ့ကပဲ ဆွမ်းကပ်ပေးခဲ့တယ်လို့ မိသားစုဝင်က ပြောပါတယ်။ 

ဦးကျော်ကျော်ထွန်းဟာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတုန်းက မယ့်စဲမြို့နယ်မှာ ကရင်နီပြည်နယ် ဒီမိုကရက်တစ်ပါတီရဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းအနေနဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့ပေမယ့် ရှုံးနိမ့်ခဲ့ပါတယ်။ 

အခုရက်ပိုင်းအတွင်း ဦးကျော်ကျော်ထွန်း အသတ်ခံရကြောင်း သူနဲ့နီးစပ်တဲ့ အသိုက်အဝန်းဆီကနေ ကြားသိရတဲ့အတွက် မိသားစုနဲ့အတူ လွန်စွာ ဝမ်းနည်းကြေကွဲရကြောင်း KSDP ကလည်း ထုတ်ပြန်ထားပါတယ်။ 

ဦးကျော်ကျော်ထွန်းကို ဘယ်သူကသတ်ခဲ့ပြီး သူ့အနေနဲ့ ဘယ်လို ပြစ်မှုတစုံတရာ ကျူးလွန်ခဲ့လဲဆိုတာကို တိကျတဲ့ သတင်းအချက်အလက် မသိရသေးကြောင်းနဲ့ အမှုမှန်ပေါက်ပေါက်ရေးတရားမျှတမှုအတွက် သက်ဆိုင်ရာဒေသအဖွဲ့အစည်းတွေနဲ့ ဆောင်ရွက်သွားမယ်လို့ KSDP က ထုတ်ပြန်ပါတယ်။ 

ဦးကျော်ကျော်ထွန်းဟာ စစ်အာအာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ (KSCC) အဖွဲဝင်အဖြစ် ခဏတာပါဝင်ခဲ့ပြီးနောက် ပါတီနဲ့ အဆက်အသွယ်မပြုလုပ်တော့တာ ဒီကနေ့အထိ ဖြစ်ပြီး ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး‌လည်း လုံးဝကန့်ကွက်ရှုတ်ချကြောင်း KSDP ထုတ်ပြန်ထားပါတယ်။ 

ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီအဖွဲ့ဝင် တဦး‌က “ဟုတ်တယ် အစဖွဲ့တုန်းကတော့ ပါလာတယ်။ နောက်ပိုင်း လိုင်းမရလို့ ထင်တယ် မပါနိုင်တော့ဘူး” လို့ ပြောပါတယ်။ 

သူ့မိသားစုဝင်က  “သူကလည်း အဲဒီဘက်မှာနေတော့ ဖုန်းလိုင်းတွေကလည်း မရတော့ သူတို့ အစည်းအဝေး zoom meeting တွေလည်း မပါရဘူးလေ။ အဲလိုနဲ့နောက်ပိုင်း အဆက်အသွယ်တွေလည်း မဖြစ်တော့ဘူး။ ဒါပေမဲ့ နောက် သူ့ကို ဘာမှ ဆက်မပြောလာတော့ဘူးလေ။ ဆိုတော့ သူက အဲဒီမှာပဲ နေပြီးတော့မှ လုပ်နေတာပဲလေ” လို့ ပြောပါတယ်။ 

ဦးကျော်ကျော်ထွန်း ဖမ်းဆီခံရတဲ့ နယ်မြေဟာ စစ်ကောင်စီတပ်သားတွေ၊ လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ကလလတ၊ KNPP နဲ့ ဒေသ ပြည်သူ့ကာကွယ်ရေးတပ်တွေ လှုပ်ရှားသွားလာနေတဲ့ နယ်မြေတွေ ဖြစ်ပါတယ်။ 

ဦးကျော်ကျော်ထွန်းဟာ အခုနှစ် ဧပြီလ သင်္ကြန်ကာလ ဝမ်ကန်ဘုတောင်ပေါ်ဘုန်းကြီးကျောင်းမှာ ဘုန်ကြီးဝတ်ခဲ့ပြီး မယ်စဲ့မြို့နယ် တိုက်ပွဲစတင်တဲ့ ဇူလိုင် ၁၂ ရက်နေ့မှာမှ ဘုန်းကြီးထွက်ခဲ့တာလို့ ဆိုပါတယ်။ 

လူထွက်ပြီးနောက် ထိုင်းနယ်စပ် BP ၁၃ က ဆွေမျိုးအိမ်မှာသာ နေထိုင်ခဲ့ကြောင်း၊ ပြီးခဲ့တဲ့ အပတ်တွေက အဲဒီဘုန်းကြီးကျောင်းမှာပဲ သန့်ရှင်းရေးတွေ သွားလုပ်ပြီးအပြန် ကလလတ လူငယ်တွေနဲ့ ကတောက်ကဆ ဖြစ်ခဲ့ဖူးတယ်လို့လည်း မိသားစုဝင်က ပြောပြပါတယ်။

“ကျမလည်း သေသေချာချာလည်း သိချင်တယ်လေ။ ဒီလိုမျိုး တကယ်ဖြစ်သွားခဲ့မယ်ဆိုရင်တော့ ကျမကတော့ လက်မခံနိုင်ဘူး။ တကယ်လို့ စစ်တပ်ဘက် လုပ်တာဖြစ်တယ်ဆိုရင် စစ်တပ်တွေက ဒီလို လုပ်နေကျမို့လို့ သူတို့ရဲ့ လုပ်ရိုးလုပ်စဉ်က ဒီလိုဖြစ်နေတာ။ ဒီဘက်အဖွဲ့က လုပ်တယ်ဆိုရင် ဘာကြောင့် လုပ်တာလဲ၊ ကျမတို့ဆိုရင် ဒီလောက်ထိလုပ်ပေးနေတာလေ။ အဲဒါကျတော့ လက်မခံချင်ဘူး။” 

တိုင်းပြည် ကမောက်ကမဖြစ်နေချိန်မှာ အခုလို ဖြစ်ရပ်တွေ ဖြစ်ပေါ်တာဟာ ပါတီဝင်တွေအနေနဲ့  ထိတ်လန့်မိကြောင်းနဲ့  အမှုမှန်ပေါ်ပေါက်ရေးအတွက် ပြည်သူတွေအနေနဲ့ကော သက်ဆိုင်ရာ ဒေသတွင်းအဖွဲအစည်းတွေပါ ကူညီဆောင်ရွက်ပေးစေလိုကြောင်း ကရင်နီပြည်နယ် ဒီမိုကရက်တစ်ပါတီက မေတ္တာရပ်ခံထားပါတယ်။ 

ကယားလူမျိုးစုဒီမိုကရေစီပါတီနဲ့ လူမျိုးပေါင်းစုံဒီမိုနဲ့ကရေစီပါတီ (ကယားပြည်နယ်)တို့ ပူးပေါင်းပြီး   ၂၀၁၇ ခုနှစ် စက်တင်ဘာ ၈ ရက်နေ့မှာ ကယားပြည်နယ်ဒီမိုကရက်တစ် ပါတီအဖြစ် မှတ်ပုံတင်ခဲ့ပါတယ်။

အခုနှစ် ၂၀၂၃ ခု  ဇွန် ၂ ရက်နေ့မှာတော့ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ (KySDP) အစား ကရင်နီပြည်နယ် ဒီမိုကရက်စ်ပါတီ (KSDP) လို့ အမည်ပြောင်းလဲခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013