DVB Logo
Home
မြန်မာသတင်း
စစ်တပ်က စနိုက်ပါနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် ခင်ဦး၊ မိုးဗြဲ ပြည်သူ ၂ ဦး သေဆုံး
DVB
·
July 19, 2023
စစ်တပ်က စနိုက်ပါနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် ခင်ဦး၊ မိုးဗြဲ ပြည်သူ ၂ ဦး သေဆုံး
1 / 2
Donate to DVB

စစ်ကိုင်းတိုင်း၊ ရေဦး တိုင်းရင်းဆေးရုံမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ဇူလိုင် ၁၉ ရက် မနက် ၁၁ နာရီ ၄၅ မိနစ်လောက်မှာ လက်နက်ကြီးနဲ့ ပစ်ခတ်တဲ့အတွက် သက်ပေးကျေးရွာအတွင်း ကျရောက်ကာ အသက် ၆ နှစ်အရွယ် ကလေးငယ်တဦး နေရာတင် သေဆုံးကာ ၅ ဦး ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တပ်ကပစ်ခတ်တဲ့ ၁၂၀ မမ ကျည် ခင်ဦးမြို့နယ် သက်ပေးကျေးရွာအတွင်း ကျရောက်ပြီး ၆ နှစ်အရွယ် မောင်မိုးထက်​ဝေ သေဆုံးခဲ့ကာ အသက် ၅၀ ကျော် အမျိုးသားတဦးနဲ့ တခြား ၄ ဦးလည်း ဒဏ်ရာရခဲ့တယ်လို့ သက်ပေးရွာသားတဦးက ပြောပါတယ်။

ဇူလိုင် ၁၆ ရက်ကလည်း စစ်တပ်က အင်းပတ်ကွေ့ဈေးတန်းကနေ အင်းပတ်ကျေးရွာအတွင်း ၆၀ မမ ၂ လုံး ပစ်ခတ်ခဲ့ရာ အင်းပတ်ကျေးရွာ စာသင်ကျောင်းထဲနေထိုင်တဲ့ စစ်ရှောင်တွေအတွင်း ကျရောက်ခဲ့ပြီး အသက် ၅၀ အရွယ် ဦးသန်းစိုး သေဆုံးခဲ့ကာ အသက် ၃၀ ကျော် စစ်ရှောင်အမျိုးသားတဦး ထပ်မံဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှု ခံယူနေရပါတယ်။

စစ်တပ်လက်နက်ကြီးကျည် စစ်ရှောင်မိသားစုတွေရဲ့ နွားခြံအနီး ကျရောက်ခဲ့လို့ နွား ၃ ကောင် သေဆုံးခဲ့တယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကရင်နီအစပ်၊ မိုးဗြဲမြို့၊ စည်ကားရပ်ကွက် ၁ နဲ့ ၃ က ပြည်သူနှစ်ယောက်ကို စစ်တပ်က ဇူလိုင်လ ဒုတိယအပတ်အတွင်း စနိုက်ပါနဲ့ ပစ်ခတ်ခဲ့တာကြောင့် တယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“လွန်ခဲ့တဲ့ နှစ်ရက်ကျော် (၁၅ ရက်နေ့) က ငါတို့ စည်ကား ၁ အဘွားအို ပစ်ခံရလို့ ဆုံးသွားတယ်။ ကျောကုန်း ထုတ်ချင်းပေါက်ပဲ။ စနိုက်ပါလက်ချက်ပဲ” လို့ ဒေသခံတဦးက ပြောပါတယ်။

ပစ်သတ်ခံရတဲ့ အဘွားအိုဟာ သူ့အိမ်ကိုသူ ပြန်သန့်ရှင်းဖို့ လာတဲ့အချိန် ရထားလမ်းဘေးရှိ ဦးစိုးလွင်ရဲ့ နေအိမ်အပေါ်မှာ နေရာယူထားတဲ့ စစ်ကောင်စီရဲ့ စနိုက်ပါလက်ချက်ကြောင့် သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

ဒါ့အပြင် တောင်ယာလုပ်ရာကနေ ပြန်လာတဲ့ စည်ကား ၃ ရပ်ကွက်ရှိ မိန်းကလေး တယောက်ကိုလည်း စနိုက်ပါသမားက ပစ်ခတ်လို့ လွိုင်ကော်ဆေးရုံကို ပို့ထားရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်က မိုးဗြဲမြို့နယ်ရှိ ပြည်သူတွေကို မြင်တွေ့တာနဲ့ ပစ်သတ်တာတွေ၊ အဓမ္မပြုကျင့်ပြီး သတ်ပစ်တာတွေ၊ ဖမ်းဆီးခေါ်ဆောင်တာတွေကို မကြာခန ပြုလုပ်နေပြီး ဇူလိုင်လအတွင်း စစ်ကောင်စီရဲ့ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရတဲ့ ပြည်သူ ၅ ယောက်ထက်မနည်း ရှိနေပြီလို့ ဒေသခံတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013