DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီက ဌာနဆိုင်ရာဝန်ထမ်းများကို နိုင်ငံသားစိစစ်ရေးစမတ်ကတ် ပြုလုပ်ပေးနေ
DVB
·
July 18, 2023
စစ်ကောင်စီက ဌာနဆိုင်ရာဝန်ထမ်းများကို နိုင်ငံသားစိစစ်ရေးစမတ်ကတ် ပြုလုပ်ပေးနေ
1 / 2
Donate to DVB

စစ်ကောင်စီက ဌာနဆိုင်ရာ ဝန်ထမ်းတွေကို လက်ရှိ နိုင်ငံသားစိစစ်ရေးကတ်ပြားအစား စမတ်ကတ် (အိုင်တီ) ပြောင်းလဲပြုလုပ်ပေးနေတယ်လို့ ဝန်ထမ်းအသိုင်းအဝိုင်းထံက သိရပါတယ်။

နိုင်ငံသားစိစစ်ရေးကတ်ပြားတွေကို တနိုင်ငံလုံး အတိုင်းအတာအနေနဲ့ စမတ်ကတ် ပြောင်းလဲဖို့ ပြီးခဲ့တဲ့ အန်အယ်လ်ဒီအစိုးရ လက်ထက်ကတည်းက ကြိုးစားခဲ့ပြီး အခု ဌာနဆိုင်ရာ ဝန်ထမ်းတွေကို ပထမဦးစားပေးအနေနဲ့ ပြောင်းလဲပြုလုပ်ပေးနေတာလို့ ဆိုပါတယ်။

နေပြည်တော်ရှိ အလုပ်သမားဝန်ကြီးဌာန၊ Non CDM ဝန်ထမ်းတဦးက “စမတ်ကတ်ပြောင်းဖို့ ဆိုပြီး အချက်အလက်ဖြည့်ရမယ့် ဖောင်စာရွက်တွေ ပေးထားတယ်။ အလှည့်ကျရင် လုပ်ရမယ်လို့ပြောတယ်” လို့ ပြောပါတယ်။

အဲဒီ စမတ်ကတ်ပြုလုပ်ဖို့ လက်ဗွေရာတွေနဲ့ မျက်လုံးကို စကင်ဖတ် မှတ်တမ်းယူတာ၊ ကိုယ်ရေးအချက်အလက်တွေကို ထည့်သွင်းတာတွေ ပြုလုပ်ရမယ်လို့ လ.ဝ.က ဝန်ထမ်းတွေထံက သိရပါတယ်။

အခုလို ဌာနဆိုင်ရာဝန်ထမ်းတွေကို အရင်ဆုံး ပြောင်းလဲပြုလုပ်ပေးတာဟာ အလုပ်ကထွက်ပြီး ပြည်ပကို သွားမရအောင် ချုပ်ကိုင်တဲ့သဘောဖြစ်မယ် ဆိုပြီးတော့လည်း သုံးသပ်တာတွေ ရှိနေပါတယ်။

နိုင်ငံသားစိစစ်ရေးကတ်တွေကို အိုင်တီကတ်စနစ် ပြောင်းလဲဖို့ ၂၀၁၅ အန်အယ်လ်ဒီအစိုးရ သက်တမ်းမကုန်ခင်က ရှေ့ပြေးစမ်းသပ်တာတွေ စတင်ခဲ့တာဖြစ်ပါတယ်။

အဲဒီလုပ်ငန်းစဥ်အတွက် နည်းပညာနဲ့ ငွေကြေးအကူအညီကို သြစတြီးယားနိုင်ငံက ထောက်ပံ့ခဲ့တာလို့ မှတ်တမ်းတွေအရ သိရပါတယ်။

လက်ရှိမှာ စစ်ကောင်စီက နိုင်ငံစိစစ်ရေးကတ် မရှိသူတွေကို ခရီးသွားလာခွင့်နဲ့ တည်းခိုနေထိုင်ခွင့် မပြုတဲ့ အမိန့်တွေ ထုတ်ထားသလို တဖက်မှာလည်း နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်သူတွေထံက ငွေကြေးသိန်းချီ တောင်းယူတာတွေ ရှိနေတယ်လို့ ကိုယ်တိုင်ကြုံတွေ့ရသူတွေက ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013