DVB Logo
Home
မြန်မာသတင်း
သမ္မတနှင့်အတိုင်ပင်ခံတို့၏ အထူးအယူခံအမှုများ မနက်ဖြန် ဆက်လက်ကြားနာမည်
DVB
·
July 17, 2023
သမ္မတနှင့်အတိုင်ပင်ခံတို့၏ အထူးအယူခံအမှုများ မနက်ဖြန် ဆက်လက်ကြားနာမည်
Donate to DVB

နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံတို့ရဲ့ အထူးအယူခံအမှုတွေ မနက်ဖြန် ဆက်လက်ကြားနာမယ်လို့ သိရပါတယ်။

စစ်ကောင်စီဟာ ရွေးကောက်ပွဲအကြောင်းပြပြီး နိုင်ငံတော်အာဏာကို မတရားသိမ်းယူကာ နိုင်ငံခေါင်းဆောင်တွေအပေါ် ပုဒ်မမျိုးစုံတပ် တရားစွဲဆို အကျဉ်းချထားပါတယ်။ 

အခုလို ထောင်ဒဏ်ချမှတ်ထားတဲ့အမှုတွေနဲ့ပတ်သက်လို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာ အထူးအယူခံတွေတင်ထားတာဖြစ်ပြီး အခုလဆန်းပိုင်းက စတင်ကာ အမှုတွေ ပြန်လည်ကြားနာနေတာ ဖြစ်ပါတယ်။

မနက်ဖြန် ဇူလိုင် ၁၈ ရက်နေ့မှာ နိုင်ငံတော်သမ္မတဦး၀င်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် ထောင်ဒဏ် ၂ နှစ်စီချမှတ်ထားတဲ့ ပုဒ်မ ၅၀၅(ခ)အမှု၊ သဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုပုဒ်မ၊ ပို့ကုန်သွင်းကုန် အမှုတို့ကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာ အထူးအယူခံကြားနာသွားမယ်လို့ တရားရေးနဲ့နီးစပ်တဲ့အသိုက်အဝန်းက စုံစမ်းသိရပါတယ်။

နိုင်ငံတော်သမ္မတဦး၀င်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် စွဲဆိုထားတဲ့ ရွေးကောက်ပွဲအမှု၊ နိုင်ငံတော်လျှို့၀ှက်အက်အမှု၊ ရဟတ်ယာဉ်အမှု စတဲ့ အထူးအယူခံအမှုတွေကိုလည်း အခု ဇူလိုင်လ ၅ ရက်နေ့နဲ့ ၁၂ နေ့တို့မှာ ပြည်ထောင်စုတရားလွှတ်တော်မှာ ကြားခဲ့ပြီးဖြစ်ပါတယ်။ 

လာမယ့် သြဂုတ်လထဲမှာလည်း ဒေါ်ခင်ကြည်ဖောင်းဒေး ရှင်းနဲ့ပတ်သက်တဲ့ အထူးအယူခံအမှုတွေကို ဆက်လက်ကြားသွားမယ်လို့ သိရပါတယ်။

စစ်ကောင်စီဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စုစုပေါင်းအမှု ၁၉ မှုနဲ့ တရားစွဲဆိုကာ ထောင်ဒဏ် စုစုပေါင်း ၃၃ နှစ် အမိန့်ချပြီးဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတဦး၀င်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ သူတို့ရဲ့ ရှေ့နေတွေကို တွေ့ဆုံခွင့် အကြိမ်ကြိမ်တောင်းထားတာ တွေ့ခွင့်မပေးသေးပေမယ့် ပြီးခဲ့တဲ့ရက်ပိုင်းမှာတော့ ထိုင်းနိုင်ငံခြားရေး၀န်ကြီးနဲ့ ဒေါ်အောင်ဆန်းစု ကြည်ကို သီးခြားတွေ့ဆုံခွင့်ပေးခဲ့တယ်လို့ စစ်ကောင်စီလက်အောက်ခံ ပြန်ကြားရေး၀န်ကြီးဌာန ဒုတိယ၀န်ကြီးက ပြောဆိုထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီအနေနဲ့ ပုဒ်မအမျိုးစုံတပ်ကာ မတရားစွပ်စွဲ တရားစွဲဆိုအမိန့်ချပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အချုပ်ထောင်ရှိ သီးသန့်အဆောက်အဦမှာ ထားသလို နိုင်ငံတော်သမ္မတဦး၀င်းမြင့်ကို တောင်ငူအကျဉ်းထောင် ပို့ဆောင်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013