

မန်စီးတီးတောင်ပံကစားသမား မာရက်ဇ်ဟာ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်အာလီအသင်းဆီ ပြောင်းရွှေ့ဖို့ ပုဂ္ဂိုလ်ရေးဆိုင်ရာသဘောတူညီမူရရှိခဲ့ပါတယ်။
အယ်လ်အာလီအသင်းဟာ မာရက်ဇ်အတွက် တစ်နှစ်လုပ်ခ ပေါင် ၄၃ သန်းနဲ့ တခြားအပိုဆုကြေးတွေပေးမယ်လို့ ၂ နှစ်စာချုပ်နဲ့ ကမ်းလှမ်းခဲ့တာဖြစ်ပြီး မာရက်ဇ်ဘက်က လက်ခံသဘောတူညီခဲ့တာပါ။
အယ်လ်အာလီအသင်းဟာ မန်စီးတီးအသင်းကိုလည်း ပြောင်းရွှေ့ကြေး ပေါင်သန်း ၃၀ လောက် ပေးချေမယ်လို့ ဆော်ဒီမီဒီယာ တခုကဖော်ပြပါတယ်။
အယ်လ်အာလီအသင်းဟာ အခုနှစ်မှာ အောက်တန်းကနေ တန်းတက်ခွင့် ပြန်လည်ရရှိခဲ့တာ ဖြစ်ပေမဲ့ ဆော်ဒီလိဂ်ကို ပထမဆုံးစတင်တည်ထောင်ခဲ့တဲ့ အသင်းလေးသင်းထဲက တစ်သင်းဖြစ်ပါတယ်။
အသက် ၃၂ နှစ်ရှိပြီဖြစ်တဲ့ အယ်လ်ဂျီးရီးယားကစားသမားမာရက်ဇ်ဟာ မနှစ်က ရာသီမှာ မန်စီးတီးနဲ့ သမိုင်းဝင်ဆုဖလားသုံးလုံးရယူနိုင်ခဲ့ရာမှာ ပါဝင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။










