DVB Logo
Home
နိုင်ငံတကာ
UAE နှင့်အိန္ဒိယအကြား ကုန်သွယ်မှု၌ ရူပီးအသုံးပြုမည်
DVB
·
July 16, 2023
UAE နှင့်အိန္ဒိယအကြား ကုန်သွယ်မှု၌ ရူပီးအသုံးပြုမည်
1 / 2
Donate to DVB

အာရပ်စော်ဘွားများပြည်ထောင်စု UAE နိုင်ငံ မြို့တော် အဘူဒါဘီကို တရက်တာ အလည်အပတ် ခရီးစဉ်နဲ့ ရောက်နေတဲ့ အိန္ဒိယဝန်ကြီးချုပ် နရင်ဒြာမိုဒီက အမေရိကန်ဒေါ်လာအစား အိန္ဒိယ ရူပီးငွေနဲ့ ကုန်သွယ်မှု အခြေချခွင့်ပြုမယ့် အိန္ဒိယနှင့် သဘောတူညီချက်တစ်ရပ်ကို ဇူလိုင် ၁၅ ရက်မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။ 

မိုဒီကို UAE သမ္မတ ရှိတ်ခ် မိုဟာမဒ် ဘင်ဇာယဒ် အယ်လ်နာယန်က အဘူဒါဘီမြို့တော်က ကက်ဆာအယ်လ် ဝါတန်နန်းတော်မှာ ဧည့်ခံခဲ့ပါတယ်။ 

ဒီသဘော တူညီချက်ကြောင့် ဒေါ်လာငွေလဲလှယ်နှုန်းတွေကို ဖယ်ရှားပြီး ငွေပေးချေမှု ကုန်ကျ စရိတ် တွေကို လျှော့ချမယ့် အိန္ဒိယရဲ့ ကြိုးပမ်းမှုတွေကို မြှင့်တင်ပေးနိုင်မှာပါ။ 

နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော် ငွေလွှဲတာတွေကို လွယ်ကူချောမွေ့စေဖို့ အချိန်နဲ့ တပြေးညီ ငွေပေးချေမှုလင့်ခ်တခု ထူထောင်ဖို့ကိုလည်း နှစ်နိုင်ငံကြား သဘောတူညီခဲ့ကြပါတယ်။ 

နှစ်နိုင်ငံက ဗဟိုဘဏ် နှစ်ခုဟာ အိန္ဒိယနိုင်ငံရဲ့ Unified Payments Interface (UPI)နဲ့ UAE နိုင်ငံရဲ့ Instant Payment Platform (IPP) တို့ကို ချိတ်ဆက်ဖို့ သဘောတူခဲ့ကြတယ်လို့ အိန္ဒိယဗဟိုဘဏ်က ပြောပါတယ်။

အာရှမှာ ကြီးထွားလာနေတဲ့ လမ်းကြောင်းတစ်ခု ဖြစ်တဲ့ ဒီလို အစီအစဉ်တွေဟာ ပုံမှန်အားဖြင့် ငွေပေးချေမှုကုန်ကျစရိတ်ကို နည်းပါးစေပါတယ်။ 

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013