DVB Logo
Home
မြန်မာသတင်း
အာဆီယံဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်ရေး ဦးစားပေးဆက်လုပ်မည်ဟု အင်ဒိုနီးရှားပြော
DVB
·
July 16, 2023
အာဆီယံဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်ရေး ဦးစားပေးဆက်လုပ်မည်ဟု အင်ဒိုနီးရှားပြော
Donate to DVB

မြန်မာစစ်အာဏာရှင်တွေနဲ့ သဘောတူညီထားတဲ့ ငြိမ်းချမ်းရေးအစီအစဉ် ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ပေါ်လာရေးဟာ အာဆီယံအဖွဲ့ရဲ့ ဦးစားပေးကိစ္စရပ်အဖြစ် ရှိနေတယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရတ်နို မာဆူဒီ က  ဇူလိုင် ၁၄ ရက်မှာ ပြောကြားပါတယ်။ 

အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံအနေနဲ့ အချက် ၅ ချက်ပါ ငြိမ်းချမ်းရေး အစီအစဉ်နဲ့အညီ  မှန်ကန်တဲ့အရာတွေ ကိုသာ  လုပ်ဆောင်ရမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ 

ကမ္ဘာတဝန်းက နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ဂျာကာတာမြို့မှာ တွေ့ဆုံခဲ့ပြီးနောက် မာဆူဒီက မြန်မာ့ အရေးဟာ အလွန်ကိုရှုပ်ထွေးနေတယ်လို့ မှတ်ချက်ပေးပါတယ်။ 

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဟာ အာဆီယံအတွင်းရေးမှူးပ်နဲ့ နော်ဝေနိုင်ငံခြားရေးဝန်ကြီးတို့နဲ့ သီးသန့်တွေ့ဆုံ ဆွေးနွေးရာမှာလည်း  နော်ဝေနိုင်ငံအနေနဲ့  အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို ထောက်ခံအားပေးဖို့၊ အထူးဖြင့် လူသားချင်းစာနာမှု အကူအညီတွေ ထောက်ပံ့ပေးဖို့ ဖိတ်ခေါ်ပါတယ်။ 

AHA Centre စင်တာကနေတဆင့် မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှု အကူအညီအထောက်အပံ့တွေ ကူညီပေးနေတဲ့ကိစ္စတွေကိုလည်း နော်ဝေ နိုင်ငံခြားရေးဝန်ကြီးကို ပြောပြခဲ့ပါတယ်။

ရှေ့တောင်အာရှ ဒေသရဲ့ လုံခြုံရေးအပေါ် အဓိကထားဆွေးနွေးခဲ့ကြတဲ့ နှစ်စဉ် အာဆီယံဒေသတွင်းဖိုရမ်(ARF)မှာ အမေရိကန်၊ တရုတ်နဲ့ ရုရှားတို့ အပါအဝင် ကမ္ဘာ့နိုင်ငံပေါင်း ၂ဒါဇင်လောက်က ထိပ်တန်း သံတမန်တွေ တက်ရောက်ခဲ့ကြပါတယ်။ 

မြန်မာနိုင်ငံက သွေးထွက်သံယိုဖြစ်ပွားမှု အကျပ်အတည်းကို အရှိန်လျှော့ချနိုင်ဖို့အတွက် အာဆီယံ အနေနဲ့ လုံးပန်းနေရတာဖြစ်ပြီး အရပ်သားပြည်သူတွေအပေါ် ကျူးလွန်နေတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ ပက်သက်ပြီး အာဏာသိမ်း စစ်တပ်ကို ပြီးခဲ့တဲ့သောကြာနေ့က ဖိုရမ်မှာ ဝန်ကြီးတွေက ဝိုင်းဝန်းရှုတ်ချခဲ့ကြပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလက  မြန်မာစစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်း အရပ်သားတွေအပေါ်  အကြမ်းဖက်မှုတွေ ပိုမို မြင့်တက်လာခဲ့ပါတယ်။  တော်လှန်ရေးသမားတွေကို နှိမ်နင်းရာမှာ တိုက်လေယာဉ်တွေနဲ့ လက်နက်ကြီးတွေ အသုံးပြုတာအပါအဝင် အာဏာသိမ်းစစ်တပ်က ရက်ရက်စက်စက်နည်းလမ်းတွေနဲ့ ဖြိုခွင်းနေတာ ဖြစ်ပါတယ်။

Source-Reuters

Photo- ASEAN

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013