DVB Logo
Home
အားကစား
ချဲလ်ဆီးတွင် လုံလောက်သည့် အခွင့်အရေးမရခဲ့ဟု ပူလီဆစ် ပြော
DVB
·
July 15, 2023
ချဲလ်ဆီးတွင် လုံလောက်သည့် အခွင့်အရေးမရခဲ့ဟု ပူလီဆစ် ပြော
Donate to DVB

ချဲလ်ဆီးအသင်းမှာ လုံလောက်တဲ့အခွင့်အရေးမရခဲ့ကြောင်း အေစီမီလန်ကစားသမားသစ် ပူလီဆစ်က ပြောသွားပါတယ်။

အမေရိကန်တိုက်စစ်မှူးဟာ လန်ဒန်ကလပ်ချဲလ်ဆီးနဲ့ ၄ ရာသီကြာ ကာလအတွင်းမှာ ၁၄၅ ပွဲ ကစားခဲ့ပြီး ၂၆ ဂိုးသွင်းခဲ့သူပါ။

ပူလီဆစ်ဟာ အခုနှစ်အပြောင်းအရွှေ့မှာတော့ အေစီမီလန်အသင်းကို ပေါင် ၁၈ ဒသမ ၈ သန်းနဲ့ ပြောင်းရွှေ့ခဲ့ပြီး သင်းဟောင်းချဲလ်ဆီးမှာ အခွင့်အရေး မရခဲ့တာကို ပြန်လည်ပြောပြသွားခဲ့တာပါ။

ချဲလ်ဆီးအသင်းမှာ လိုချင်တဲ့အခွင့်အရေးတွေမရခဲ့သလို ဖြစ်ချင်တဲ့ အဆင့်အတန်း တစ်ခုဆီလည်း မရောက်ခဲ့ကြောင်း၊ အေစီမီလန်အသင်းမှာတော့ အဲဒီလို အခွင့်အရေး မရခဲ့တာတွေကို ချေဖျက်ပြီး ခြေစွမ်းပြသနိုင်ဖို့ အခွင့်အရေးကောင်းတစ်ခုဖြစ်ကြောင်း ပူလီဆစ်က ပြောပါတယ်။

အီတလီစီးရီးအေမှာ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်သွားဖို့ အသင့်ရှိနေပြီး စိတ်လှုပ်ရှားမှုလည်း ဖြစ်မိကြောင်း ပူလီဆစ်က ပြောသွားပါတယ်။

အမေရိကန်တိုက်စစ်ကစားသမားဟာ တိုက်စစ်မှူး အေဗရာဟီမိုဗစ်ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ်၁၁ ဂျာစီကို ဝတ်ဆင်သွားမှာဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013