DVB Logo
Home
နိုင်ငံတကာ
နိုင်ငံလုံခြုံရေးကို ကာကွယ်ရန် ဒုံးကျည်ပစ်လွှတ်ခဲ့ခြင်းဖြစ်ဟု မြောက်ကိုရီးယားပြော
DVB
·
July 14, 2023
နိုင်ငံလုံခြုံရေးကို ကာကွယ်ရန် ဒုံးကျည်ပစ်လွှတ်ခဲ့ခြင်းဖြစ်ဟု မြောက်ကိုရီးယားပြော
Donate to DVB

မြောက်ကိုရီးယားက တိုက်ချင်းပစ်ဒုံးကျည် (ICBM) ကို ပစ်လွှတ်ခဲ့တာဟာ ရန်လိုနေတဲ့ တပ်ဖွဲ့ တွေရဲ့ အန္တရာယ်ရှိတဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဟန့်တားဖို့နဲ့ ကိုယ့်နိုင်ငံရဲ့ လုံခြုံရေးကို ကာကွယ်ဖို့ အတွက် ကိုယ်ပိုင်ကာကွယ်ရေးအခွင့်အရေးကို ကျင့်သုံးခြင်းသာဖြစ်ကြောင်း မြောက်ကိုရီးယား နိုင်ငံရဲ့ ကုလသမဂ္ဂအထူးသံတမန်က လုံခြုံရေးကောင်စီကို ဇူလိုင် ၁၃ ရက်မှာ ပြောပါတယ်။

“တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် အမျိုးအစားသစ်ကို စမ်းသပ်ပစ်ခတ်မှုဟာ အိမ်နီးချင်းနိုင်ငံတွေရဲ့ လုံခြုံရေးကို အပျက်သဘောဆောင်တဲ့ သက်ရောက်မှု မရှိကြောင်းနဲ့ ဂျပန်နိုင်ငံက ပြုံယမ်းရဲ့ ICBM ဟာ သီးသန့်စီးပွားရေးဇုန် အပြင်ဘက်ကို ဆင်းသက်ခဲ့ကြောင်း ကြေညာခဲ့တာကလည်း ဂျပန်နိုင်ငံရဲ့ အသိအမှတ်ပြုမှုနဲ့ သဘောသဘာဝ တူညီပြီးတော့ ဂျပန်နိုင်ငံရဲ့ လုံခြုံရေးအတွက် ဘာအန္တရာယ်မှ မရှိပါဘူး” လို့  မြောက်ကိုရီးယားရဲ့ ကုလသမဂ္ဂသံအမတ်ကြီး ဂင်မ်ဆုန်းက ကုလသမဂ္ဂရှေ့မှောက်မှာ မြောက်ကိုရီးယားရဲ့ ဒုံးကျည်ပစ်လွှတ်မှုနဲ့ပတ်သက်ပြီး ကာကွယ်ပြောဆိုခဲ့ပါတယ်။

မြောက်ကိုရီးယားဟာ နောက်ဆုံးပေါ် ဟွာဆုန်း-၁၈ တိုက်ချင်းပစ်ဒုံးကျည်ကို ဇူလိုင် ၁၂ ရက်က စမ်းသပ်ပစ်လွှတ်ခဲ့ပြီး အဲဒီလက်နက်ဟာ သူ့ရဲ့ နျူးကလီးယား တိုက်ခိုက်မှုစွမ်းအားရဲ့ အချက်အချာဖြစ်ကြောင်း ပြောကြားခဲ့ပြီးနောက်မှာ အဖွဲ့ဝင် ၁၅ ဦးပါ လုံခြုံရေးကောင်စီက တွေ့ဆုံခဲ့တာပါ။

အမေရိကန်နဲ့ သူ့နောက်လိုက်တွေက ရှင်းလင်းပြောကြားတဲ့ လုံခြုံရေးကောင်စီ အစည်းအဝေး ခေါ်ယူတာကို ပယ်ချတယ်လို့ မြောက်ကိုရီးယား သံအမတ်ကြီး ဂင်မ်ဆုန်းက ကောင်စီကို ပြောပါတယ်။

အမေရိကန်နဲ့ သူ့ရဲ့နောက်လိုက်တွေဟာ မြောက်ကိုရီးယားအပေါ် စစ်ရေးအရ ရန်စမှုတွေ ကြီးထွားလာနေပြီး အကျိုးဆက်အနေနဲ့ ကိုရီးယားကျွန်းဆွယ်မှာ စစ်ရေးလုံခြုံရေးပုံစံက စစ်အေးခေတ်ကို ကျော်လွန်ပြီး နျူးကလီးယား အကျပ်အတည်းကို ရင်ဆိုင်နေရပြီလို့လည်း ဆိုပါတယ်။

ကုလသမဂ္ဂဆိုင်ရာ တောင်ကိုရီးယားသံအမတ်ကြီး ဟွမ်ဂျွန်းကုခ်ကတော့ မြောက်ကိုရီးယားရဲ့ ထပ်ခါတလဲလဲ မဆင်မခြင် အပြုအမူတွေကို လုံခြုံရေးကောင်စီက နှုတ်ဆိတ်နေခဲ့တာ စိတ်ပျက်စရာကောင်းနေပြီလို့ ဝေဖန်ပါတယ်။ ဒါဟာ နိုင်ငံတကာစံနှုန်းတွေကို လုံးဝဂရုမစိုက်ဘူးဆိုတဲ့ နမူနာတခုဖြစ်ပြီး လုံခြုံရေးကောင်စီရဲ့ တာဝန်ဝတ္တရားတွေကို မရှက်တမ်း မျက်နှာပြောင်တိုက် လှောင်ပြောင်မှုလည်း ဖြစ်တယ်လို့ ပြောသွားပါတယ်။

မြောက်ကိုရီးယားဟာ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလက သူ့ရဲ့ နျူးကလီးယားနဲ့ ပဲ့ထိန်းဒုံးကျည် အစီအစဉ်များဆိုင်ရာ ကောင်စီအစည်းအဝေးမှာ စကားပြောဆိုခဲ့တာ နောက်ဆုံးဖြစ်ကြောင်း သံတမန်တွေက ပြောကြားခဲ့ပါတယ်။

Source - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013