အက်စတွန်ဗီလာအသင်းက ဖရိုင်းဘတ်ကို (၃-၀) ဂိုးနဲ့နိုင်ပြီး ယူရိုပါလိဂ်ဖလား ဆွတ်ခူးခဲ့တဲ့ပွဲကို ဗီလာအသင်းရဲ့ အမာခံပရိသတ် ဗြိတိန်မင်းသားဝီလျံကိုယ်တိုင် ကွင်းထဲအထိ လာရောက်အားပေးပြီး အောင်ပွဲခံခဲ့ပါတယ်။
ပွဲအပြီးမှာ မင်းသားဝီလျံဟာ ဗီလာနည်းပြ အူနိုင်းအမ်မရီ၊ ကစားသမားတွေနဲ့အတူ ဥမင်လိုဏ်ခေါင်းထဲအထိ လိုက်ပါကာ ဖလားကြီးကို ကိုင်မြှောက်ပြီး ပျော်ရွှင်စွာ အောင်ပွဲခံခဲ့သလို လူမှုကွန်ရက်ကနေလည်း အသင်းသားအားလုံးကို ဂုဏ်ပြုစကား ပြောကြားခဲ့ပါတယ်။
ဗီလာအသင်းခေါင်းဆောင် ဂျွန်မက်ဂင်းကလည်း မင်းသားဟာ ပွဲမစခင်ကတည်းက ဝတ်စုံလဲခန်းထဲအထိ လာရောက်အားပေးခဲ့ကြောင်းနဲ့ အသင်းအပေါ် အမြဲတမ်း အရူးအမူး အားပေး တန်ဖိုးထားတတ်သူဖြစ်ကြောင်း ချီးကျူးပြောဆိုခဲ့ပါတယ်။











