DVB Logo
Home
မြန်မာသတင်း
ဆီဆိုင်မြို့နယ်ရှိ တပ်သိမ်းမြေတွင် စစ်တပ်က အခကြေးငွေယူပြီး စိုက်ပျိုးခွင့်ပေး
DVB
·
July 13, 2023
ဆီဆိုင်မြို့နယ်ရှိ တပ်သိမ်းမြေတွင် စစ်တပ်က အခကြေးငွေယူပြီး စိုက်ပျိုးခွင့်ပေး
1 / 2
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း၊ မြေယာအငြင်းပွားမှုတွေရှိနေတဲ့ ဆီဆိုင်မြို့နယ်က မြေယာတွေမှာ ပြောင်းမျိုးစေ့ တအိတ်ကို ငွေကျပ်တစ်သိန်းနှုန်း ပေးဆောင်စေပြီး စစ်တပ်က စိုက်ပျိုးခွင့်ပေးနေတယ်လို့ ဇူလိုင်  ၉ ရက်မှာ တောင်သူတွေက ပြောပါတယ်။

အဲ့ဒီလိုစိုက်ပျိုးခွင့်ပြုပေမဲ့ မူလခြံပိုင်ရှင်တွေက မစိုက်ပျိုးဘဲ ဆီဆိုင်မြို့ထဲက ခြံပိုင်ရှင် မဟုတ်တဲ့ လက်လုပ်လက်စားတချို့နဲ့ တခြားကျေးရွာကလူတွေ လာရောက်စိုက်ပျိုးကြတယ်လို့ သိရပါတယ်။

မြေသိမ်းခံရတဲ့ တောင်သူတဦးက “အမှန်ဆို အမှုက မပြီးပြတ်သေးဘဲနဲ့ စစ်တပ်က သူတို့လုပ်ချင်သလိုလုပ်နေတာ။ အယူခံထပ် ဝင်ထားတယ်၊ ညောင်ဝိုင်းရွာက ဘုန်းကြီးကိုယ်တိုင် သူ့အခြံအရံနဲ့ နေ့တိုင်းလာစိုက်တယ်။ ပြောင်းမျိုးစေ့ အိတ် ၃၀၀ ကျော်လောက် လာစိုက်တယ်။ ကျနော်တို့ ခြံပိုင်ရှင်တွေက ကိုယ့်ခြံကိုယ့်မြေမှာ စိုက်ပျိုးချိန်မှာ မစိုက်ပျိုးရဘဲနဲ့ တခြားရွာမှာ တစ်နေ့ ၇၀၀၀ နဲ့ နေ့စားလိုက်ရတယ်” လို့ ပြောပါတယ်။

စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း မြေသိမ်းဆည်းခံထားရတဲ့တောင်သူ ၇၀ ကျော်ဟာ အခုချိန်မှာ မြေယာအရေးနဲ့ပတ်သက်ပြီး ဘယ်လို လှုပ်ရှားဆောင်ရွက်တာကိုမျှ မလုပ်ရဲတော့ဘဲ လက်လျှော့ နေရတဲ့အနေအထားမှာရှိနေပါတယ်။

အသက် ၆၀ ကျော်အရွယ် အမျိုးးသမီးတဦးက “လူကလည်း အိုနေပြီ၊ သားသမီးလည်း မရှိဘူး၊ အရင်တုန်းကဆို ခြံကို လူငှားတွေနဲ့ စိုက်တယ်၊ အမြတ်နည်းနည်း ရလည်း ချွေတာပြီး တစ်နှစ်ပတ်လုံး စားသောက်တယ်။ အိမ်ဘေးက အသီးအရွက်နဲ့ အခုချိန်မှာ သူတို့ကို သွားပြောရင် သေနတ်နဲ့ခေါင်းနဲ့က ချိန်ပြီးသားပဲ။ ဘယ်သူမှ မပြောရဲတော့ဘူး၊ အရင်က ကျမတို့ ဆန္ဒပြတာတွေက သူတို့အုပ်စိုးတဲ့အချိန်ဆိုရင် သေပြီး ဘယ်ဘဝရောက်ပြီလည်းတောင် မပြောတတ်ဘူး”လို့ ပြောပါတယ်။

၁၉၉၂ ခုနှစ်မှာ စစ်တပ်က ဆီဆိုင်မြို့ကိုရောက်ရှိလာပြီး မြေဧက ၂၀၀၀ ကျော်ကို သိမ်းဆည်းထားခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်မှာမှ လယ်ယာမြေဧက ၂၀၀၀ ကျော်ကို သိမ်းဆည်းထားလို့ စိုက်ပျိုးခွင့်မရတော့ဘူး ဆိုတာကို တောင်သူတွေထံက သိခဲ့ရတာဖြစ်ပါတယ်။

ဒေသခံတောင်သူတွေနဲ့ စစ်တပ်အကြား မြေယာအငြင်းပွားမှုဖြစ်ပွားခဲ့ပြီး တောင်သူ ၇၀ ကျော် တရားစွဲ ဆိုခံထားရပါတယ်။  တောင်သူတွေစိုက်ပျိုးထားတဲ့ ပြောင်းစိုက်ခင်း ဧက ၄၀ကျော်လည်း ဖျက်ဆီးခံခဲ့ရပြီး ထွန်စက် တွေလည်း သိမ်းဆည်းခံခဲ့ရပါတယ်။ 

မြေယာအရေးနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့နှစ်တွေမှာ စစ်တပ်ထဲက တိုင်းမှူးနဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ဒေသဦးစီးမှူး၊ မြို့နယ်မြေစာရင်းက တာဝန်ရှိသူတွေ လာရောက်တွေ့ဆုံ ဆွေးနွေးညှိနှိုင်းတာရှိခဲ့ပေမဲ့ ၂၀၂၂ခုနှစ်မှာတော့ တောင်သူတွေ အမှု ရှုံးနိမ့်ခဲ့ပြီး လျော်ကြေးငွေတွေလည်း ပေးဆောင်ခဲ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013