DVB Logo
Home
မြန်မာသတင်း
ပလက်ဝတွင် ဆန်နှင့် စားသောက်ကုန်ဈေးနှုန်းများ မြင့်တက်
DVB
·
July 13, 2023
ပလက်ဝတွင် ဆန်နှင့် စားသောက်ကုန်ဈေးနှုန်းများ မြင့်တက်
Donate to DVB

ချင်းပြည်နယ်၊ ပလက်ဝမြို့မှာ ဆန်နဲ့ အခြေခံစားသောက်ကုန်ဈေးနှုန်းတွေ မြင့်တက်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ပလက်ဝမြို့ဟာ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နဲ့သာ ကုန်စည်စီးဆင်းမှုရှိတာဖြစ်ပြီး ပလက်ဝ-ကျောက်တော် ရေလမ်းကြောင်းက ကုန်ပစ္စည်းသယ်ယူမှုကို စစ်ကောင်စီက ကန့်သတ်ထားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ဩဂုတ်လကတည်းက စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော်(အေအေ) တို့အကြား တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီးနောက် ကုန်စည်စီးဆင်းမှုကို ကန့်သတ်လိုက်တာပါ။

ဆန်၊ ဆေးဝါး၊ စက်သုံးဆီနဲ့ စားသုံးဆီ သယ်ယူမှုကို အဓိကကန့်သတ်ထားတာဖြစ်ပြီး အစစ်အဆေးတွေလည်း တင်းကျပ်ထားပါတယ်။

ပလက်ဝ-ကျောက်တော် လမ်းကြောင်းကို စစ်ကောင်စီရဲ့ သင်္ဘောတစင်းသာ တပတ် နှစ်ကြိမ် အသွားအလာရှိပြီး စစ်ကောင်စီက အချိန်မရွေး စစ်ဆေးတာတွေ ပြုလုပ်နေတာကြောင့် ဆန်နဲ့ တခြားစားသောက်ကုန်တွေ ဈေးနှုန်းမြင့်တက်နေတာပါ။

ပလက်ဝ မြို့ခံတဦးက “ဆန်က တသိန်း လေးသောင်း၊ တသိန်း ငါးသောင်း ပတ်ဝန်းကျင်ရှိတယ်။ တခြား ဆီတို့ဘာတို့လည်း ဈေးမြင့်နေတာပါပဲ။ ရခိုင်ဘက်ကပစ္စည်းတွေ ဝယ်ရောင်းကြရတာလေ၊ ရခိုင်မှာလည်း မုန်တိုင်းဖြစ်ထားတာဆိုတော့ ဆန်ဈေးကတော့ ပိုတက်လာဖို့ရှိတယ်” လို့ ပြောပါတယ်။

၂၀၂၂ ဩဂုတ် ပထမနှစ်ပတ်မှာလည်း စစ်ကောင်စီက သင်္ဘောအသွားအလာ ရပ်တန့်လိုက်တဲ့အတွက် ပလက်ဝမြို့ခံတွေ ဆန်ပြတ်လပ်မှုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013